Healthy Life Ad
Life Style

အမျိုးသားတို့ ဒေါသထွက်နေချိန် ဆင်ခြင်သင့်သည့် အပြုအမူများ

၊ ကိုမိုး ၊

စိတ်တိုဒေါသထွက်နေချိန်မှာ တချို့အပြုအမူတွေကိုလုပ်ဆောင်လိုက်တာကြောင့် ဘဝတစ်လျှောက်လုံး နောင်တကြီးစွာရရတဲ့အဖြစ်မျိုး ရောက်တတ်သလို တစ်ခါတစ်ရံ အသက်အန္တရာယ်တောင် ထိခိုက်တတ်ပါတယ်။

– စကားအချေအတင်မပြောသင့်
ဒေါသထွက်နေချိန်မှာ အငြင်းအခုံလုပ်ပြီး စကားအချေအတင်ပြောတာကြောင့် စကားပြော မှားကာ နောင်တရတတ်ပါတယ်။ ဒေါသထွက်တဲ့အခါ တခြားသူကို နာကျင်စေတဲ့ စကားတွေကို ပြောမှားမိတတ်သလို အဲဒီစကားတွေကိုမပြောမိခဲ့ရင် ကောင်းမှာဆိုပြီး နှောင်းနောင်တရတတ်ပါတယ်။ ဒါကြောင့် စိတ်တည်ငြိမ်ဖို့ အချိန်ပေးပြီးမှ စကားအချေအတင် ပြောသင့်ပါတယ်။

– ဖေ့စ်ဘွခ်ပေါ် မတင်သင့်
ဒီနေ့ခေတ်မှာ ချစ်သူချင်းဒေါသထွက်လို့ ဖေ့စ်ဘွတ်ခ်ပေါ်တင်၊ အလုပ်ရှင်နဲ့ ဝန်ထမ်း အဆင်မပြေလို့ ဖေ့စ်ဘွတ်ခ်ပေါ်တင်၊ အဲဒီလို မှားယွင်းတဲ့ လုပ်ဆောင်မှုကြောင့် နောက်ဆက်တွဲ ဖြေရှင်းရ၊ ပြဿ နာတွေဖြစ်ရနဲ့ဆိုးကျိုးတွေက ကြီးမားလှပါတယ်။ ဒေါသထွက်တဲ့အခါ သင့်ခံစားချက်ကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ပြီး ဖော်ပြလိုက်တာက ကိုယ့်ကိုယ်ရည်ကိုယ်သွေးကိုပါ လှစ်ဟပြသလိုက်သလိုဖြစ်စေပါတယ်။

– အီးမေးမပို့သင့်
ဒေါသနဲ့အတူ အီးမေးတစ်စောင်ရေးပို့မယ် ဆိုရင်လည်း အကြိမ်ကြိမ် စဉ်းစားသင့်ပါတယ်။ ဒေါသ ကိုမထိန်းချုပ်နိုင်ဘဲ ပြဿနာကိုဖြေရှင်းဖို့ မကြိုးစားပါနဲ့။ ဒေါသထွက်နေချိန်မှာ အမှားတွေပါတတ်ပါတယ်။ ဒေါသနဲ့ရေးတဲ့စာက တခြားသူကို စိတ်ထိခိုက် စေရုံကလွဲလို့ ကောင်းကျိုးမရနိုင်ပါဘူး။

– အရက်မသောက်သင့်
ဒေါသထွက်တဲ့အခါ အရက်သောက်မယ်ဆိုရင် အရက်ကို အန္တရာယ်ဖြစ်လောက်တဲ့ အတိုင်းအတာအထိ သောက်မိသွားတတ်ပါတယ်။ အရက်နဲ့ ဒေါသတွဲသွားရင် ဆင်ခြင်ထိန်းချုပ်နိုင်စွမ်းအားလျော့ နည်းပြီး အမှားတွေကို ကျူးလွန် လုပ်ဆောင်မိတတ်ပါတယ်။

– သွေးဖိအားကို လျစ်လျူရှုမထားသင့်
ဒေါသထွက်ပြီး နှစ်နာရီအတွင်း နှလုံးအမော ဖောက်တာ(Health Attack)နဲ့ လေဖြတ်ဝေဒနာ ပိုဖြစ်တတ်ပါတယ်။ ဒေါသကြောင့် နှလုံးအမော ဖောက်နိုင်ခြေက ငါးဆနီးပါးနဲ့ လေဖြတ်နိုင်ခြေက သုံးဆနီးပါးမြင့်တက်လာတတ်ပါတယ်။ ဒေါသထွက် နေရင် အကောင်းဆုံးက သွေးဖိအားကို စစ်ဆေး ကြည့်ဖို့ပဲဖြစ်ပါတယ်။ ဒေါသကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးနည်းက လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ရေး ဝ၀ အိပ်စက်တာနဲ့ တရားမှတ်တာတွေဖြစ်ပါတယ်။

– ပြန်မတွေးသင့်
ဒေါသဖြစ်ရတဲ့ အရာတွေ၊ ဒေါသဖြစ်စေတဲ့ လူတွေအကြောင်းကို ထပ်ခါထပ်ခါတွေးတာကြောင့် သင့်အနေနဲ့ပိုပြီး ဒေါသကြီးရတတ်ပါတယ်။ ဘယ်အရာကမှ၊ ဘယ်သူကမှ ကိုယ့်ကိုဒေါသထွက်အောင် မလုပ်နိုင်ဘူးလို့ တွေးပြီး စိတ်လျှော့ပါ။

– ထွက်ပေါက်မရှာသင့်
ဒေါသထွက်တဲ့အခါ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တဲ့နည်းနဲ့ ဖြေလျှော့သင့်ပါတယ်။ ဒါပေမဲ့ သင့်ဒေါသကို ဆွပေးတတ်တဲ့ သူနဲ့ စကားပြောတာ၊ ခေါင်းအုံးကို လက်သီးနဲ့ ထိုးတာစတဲ့ အပြုအမူတွေနဲ့ ထွက်ပေါက်ရှာရင် ဒေါသကို ပိုဆိုးစေနိုင်ပါတယ်။

– ကားမမောင်းသင့်
ဒေါသထွက်နေချိန်မှာ ကားမောင်းတာက အလွန် အန္တရာယ်ကြီးပါတယ်။ ဒေါသထွက်နေတဲ့ ကား မောင်းသမားတွေက မဆင်မခြင်ကားမောင်းရင်း ယာဉ်မတော်တဆ ထိခိုက်နိုင်ခြေ များတယ်လို့ လေ့လာမှု အရ သိရပါတယ်။ ဒေါသကြောင့် လူတစ်ယောက်ရဲ့ အမြင်အာရုံကို မှုန်ဝါးသွားစေနိုင်ပြီး တခြားကား ဒါမှမဟုတ် လမ်းသွားလမ်းလာတွေကို မမြင်တော့တာမျိုး ဖြစ်တတ်ပါတယ်။

– အစာမစားသင့်
ဒေါသကို အစာနဲ့ မျိုချတာကြောင့် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဒေါ သထွက်နေချိန်မှာ လူအများစုက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာတွေကို ရွေးချယ်လေ့ရှိပြီး သကြား၊ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစာတွေကိုစားမိလေ့ရှိပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာကို ဖြစ်စေနိုင်ပါတယ်။

(Ref; Healthliving)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top