Healthy Life Ad
Q & A

သားသားကို အရပ်ရှည်စေချင်တယ် . . .

မေး။ ။ သားသားက ၁၀ နှစ်ရှိပါပြီ။ အရပ်ရှည်စေချင်လို့ အစာတွေ အများကြီးကျွေးတာ လူကြီးတစ်ယောက်ထက်တောင် ပိုစားနိုင်ပါတယ်။ ဒါပေမဲ့ အရပ်မရှည် ဘဲဝပဲ ဝလာပါတယ်။ ကျွန်မ ဘယ်လို ရွေးချယ်ပြီး ကျွေးသင့်ပါသလဲ။
နီလာနွယ် (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ အဓိက အရပ်ရှည်စေဖို့ဆိုရင် ကယ်လ်ဆီယမ် လည်း လိုအပ်သလို ဗီတာမင်ဒီလည်း လိုအပ်ပါတယ်။ ကလေးကို အရပ်ရှည်စေချင်ရင် ဗီတာမင်ဒီ ရရှိဖို့ရာအတွက် မနက်ခင်း နေခြည်နုနုနွေးနွေးလေး ကို ခံပေးဖို့ လိုပါတယ်။ မနက်ခြောက်နာရီခွဲကနေ ရှစ်နာရီအထိ အိမ်ထဲမှာ ထိုင်ပြီး အစာကျွေးတာ ထက် အပြင်ထွက်ပြီး နေခြည်နုနုခံယူရင်း အစာ ကျွေးရပါမယ်။ ပြီးရင် နွားနို့ တိုက်ရပါတယ်။ ဝမှာ စိုးရင် ထမင်းတွေကို အများကြီး မကျွေးပါနဲ့။ ငါး သေးသေးလေးတွေကို ကြော်ပြီး ကျွေးရပါမယ်။ က လေးကို လေ့ကျင့်ခန်းလုပ်ခိုင်းပါ။ လေ့ကျင့်ခန်းလုပ် ခိုင်းရင် အရပ်ရှည်လာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top