Healthy Life Ad
Health Tips

ဖိစီးမှုများသည့် အလုပ် လုပ်နေရသူတို့အတွက် အစာ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ဖိစီးမှုများတဲ့ အလုပ်လုပ်နေရသူတွေကဖိစီးမှု ကိုခံနိုင်ရည်ရှိစေမယ့် အစာတွေကို ရွေးချယ်စားပေးဖို့လိုပါတယ်။ အဓိကကတော့ စိတ်ဖိစီးမှုကိုခံ နိုင်ရည်ရှိစေဖို့ ကိုယ်ခံအားကောင်းစေတဲ့ အစားအသောက်တွေကို စားသောက်ပေးရပါမယ်။

ကော်ဖီ
စိတ်ဖိစီးမှုများတဲ့သူတွေက ကော်ဖီသောက်လို့ ရပါတယ်။ မနက်အိပ်ရာထရင် ကော်ဖီတစ်ခွက်၊ နေ့ခင်းမှာ ကော်ဖီတစ်ခွက် သောက်လို့ရပါတယ်။ ဒါမှမဟုတ် လက်ဖက်ရည်သောက်လို့ရပါတယ်။ ဒါပေမဲ့ တစ်နေ့နှစ်ခွက်လောက်အထိပဲ သောက်သင့်ပါ တယ်။

အရည်ရွှမ်းသော သစ်သီးဝလံများ
စိတ်ဖိစီးမှုများတဲ့ အလုပ်လုပ်ကိုင်သူတွေက အရည်ရွှမ်းတဲ့ အသီးအနှံတွေကို များများစားပေးရပါမယ်။

လေ့ကျင့်ခန်း
စိတ်ဖိစီးမှုများတဲ့ အလုပ်လုပ်ကိုင်သူတွေ အဓိကလုပ်သင့်တာက လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်ကနေ နိုက်ထရပ်အောက်ဆိုဒ်ထွက်ပြီး လူရဲ့ဖိစီးမှုအဆင့်ကို လျော့ကျသွားစေပါတယ်။ အစားအသောက်ထက် လေ့ကျင့်ခန်းလုပ်လိုက်ရင် စိတ်ဖိစီးမှုကို ခံနိုင်ရည်ပိုရှိသွားပါတယ်။

အချိုသတိထားပါ
တကယ်တမ်း စိတ်ဖိစီးမှုများတဲ့သူတွေက ဘာကို အဓိက စားချင်လာသလဲဆိုရင် အချိုကို စားချင်လာပါတယ်။ စိတ်ရှုပ်လာရင် အချိုကို တောင့်တလာတတ်တယ်၊ အဲဒီအခါ စိတ်ညစ်ညစ်နဲ့ ရေခဲမုန့်၊ ကိတ်မုန့်စတာတွေ သွားစားကြတယ်။ အဲဒီအခါစိတ်ဖိစီးမှုကြောင့် ကော်တီစောဟော်မုန်းထွက်လို့ ဝလာသလို အချိုစာတွေစားတဲ့အတွက်လည်း ဝလာပါတယ်။ ဒါကို သတိထားပြီး ဆင်ခြင်ရပါမယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top