Healthy Life Ad
Health Tips

ဆံပင်သား အမျိုးအစားအလိုက် စားသင့်သည့် အစားအသောက်များ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဆံပင်သားရဲ့ ပင်ကို အရည်အသွေးနဲ့ အမျိုးအစားပေါ်မူတည်ပြီး စားပေးသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

– ပုံမှန်ဆံကေသာရှိသူတို့အတွက်

ပုံမှန်ဆံကေသာပိုင်ရှင်တွေကတော့ အစားအသောက်ကို အထူးရှောင်စရာ မလိုပေမယ့် ဆံပင်သား မပျက်စီးအောင် အထူးစားသင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။ စားသင့်သော အစားအစာ – အဆီပါတဲ့ ငါး၊ အရေခွံဖယ်ထားတဲ့ကြက်သား၊ ပဲနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။

– ခြောက်သွေ့သော ဆံကေသာရှိသူတို့အတွက်

သွေးတွင်းကိုလက်စထရော ပမာဏနည်းအောင် အစားအသောက်ကို ဆင်ခြင် စားသုံးပေးဖို့ လိုပါတယ်။ စားသင့်သော အစားအစာ – ဗီတာမင်ဘီပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေ၊ ပဲတွေ၊ အခွံချွတ်မထားတဲ့ ဆန်လုံးညိုလို ကောက်နှံစာတွေ၊ ငှက်ပျောသီး၊ အခွံမာသီးနဲ့ အဆီများတဲ့ ငါးစတာတွေကို စားပေးပါ။ ဗီတာမင်အီး အားဖြည့်ဆေးကို မှီဝဲပေးပါ။ ရှောင်သင့်သော အစားအစာ – ဆားကဲတဲ့ အစာနဲ့ အဆီအအိမ့်များတဲ့ အစာတွေကို ရှောင်ပါ။

– အဆီပြန်သော ဆံကေသာရှိသူတို့ အတွက်

ဒီအခြေအနေဟာ ဦးရေပြားမှာရှိတဲ့ အဆီဂလင်းတွေကနေ အဆီတွေလွန်ကဲပြီး ထုတ်တာကြောင့် ဖြစ်ရတာပါ။ စားသင့်သော အစားအစာ – အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဒိန်ချဉ်၊ မီးဖုန်ထားတဲ့ ဒါမှမဟုတ် ပြုတ်ထားတဲ့ ဟင်းလျာတွေကို စားသင့်ပါတယ်။ ရှောင်သင့်သော အစားအစာ – ဆီကြော်စာ၊ အနီရောင်အသား၊ အဆီများတဲ့နို့နဲ့ နို့ထွက်ပစ္စည်းတွေကို တတ်နိုင်သမျှ ဆင်ခြင်ပါ။

– အဆီပြန်လိုက်၊ ခြောက်သွေ့လိုက်ဖြစ်တတ်သည့် ဆံကေသာရှိသူတို့အတွက်

ဆံပင်သားက အဆီပြန်တယ်လည်း မဟုတ်၊ ခြောက်သွေ့တယ်လည်းမဟုတ်ဘဲ ရောနေတာမျိုးပါ။ စားသင့်သောအစားအစာ- ဟင်းသီးဟင်းရွက်တွေနဲ့ လတ်ဆတ်တဲ့သစ်သီးဝလံတွေကို များများစားသင့်ပါတယ်။ ရှောင်သင့်သော အစားအစာ – ထောပတ်၊ ဒိန်ခဲနဲ့ ဆီကြော်စာတွေကို မစားသင့်ပါ။

– နွမ်းနယ်နေသော ဆံကေသာရှိသူတို့အတွက်

စားသင့်သော အစားအစာ -သတ္တုဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးပါ။ ဥပမာ ပြောရရင် အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အခွံမာသီး၊ ပဲနီလေး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပုဇွန်၊ အဆီများတဲ့ ငါးနဲ့ နွားနို့ စတာတွေ ဖြစ်ပါတယ်။

– ဗောက်ရှိသော၊ ယားယံနေသောဦးရေပြား ရှိသူတို့အတွက်

စားသင့်သော အစားအစာ – သစ်သီးဝလံနဲ့ဟင်းသီး ဟင်းရွက်တွေ၊ ငါးနဲ့ ဗီတာမင်အေ ပေါများစွာပါဝင်တဲ့ အစားအစာတွေကို စားသင့်ပါတယ်။ ရှောင်သင့်သော အစားအစာ – နို့ထွက်ပစ္စည်း၊ ဟင်းခတ်အမွှေးအကြိုင်ကဲတဲ့ အစားအစာ၊ ပူတဲ့အစားအစာတွေနဲ့ တိရစ္ဆာန်ထွက်အဆီတွေကိုရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top