Healthy Life Ad
Health Tips

အဆီကို တွန်းလှန်ပေးမည့် ဖျော်ရည်များ

မီမိုး ( ဆေးဝါးတက္ကသိုလ် )

ကိုယ်တွင်းအဆိပ်အတောက်တွေ ကင်းစင်ပြီး ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေကာ မလိုလားအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေဖို့ သောက်သုံးသင့်တဲ့ ဖျော်ရည်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) သစ်သီးဖျော်ရည်
မနက်စာမစားခင် နာရီဝက်အလိုမှာသောက် ရမယ့်ဖျော်ရည်ပါ။ အစာခြေလမ်းကြောင်း စနစ်ကိုသန့်စင်စေပြီး အစာကြေလွယ်ပါတယ်။

နာနတ်သီးစိတ်တစ်ဝက်၊
သခွားသီးစိတ် တစ်စိတ်၊
တရုတ်နံနံပင် တစ်ပင်၊
မုန်လာဥနီ အလတ်စား တစ်ဥ
အထက်က ပါဝင်ပစ္စည်းအားလုံးကိုရောပြီး မွှေစက်()ထဲ ထည့်ကြိတ်ကာ သောက် သုံးရမှာ ဖြစ်ပါတယ်။

(၂) ဂရိတ်ဖရုနှင့် ရှလကာရည်
ဒီဖျော်ရည်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ အစာမစားခင် တစ်ဖန်ခွက်သောက်ပေးရင် အကောင်းဆုံးရလဒ်ကို ရရှိစေပါတယ်။

ဂရိတ်ဖရုဖျော်ရည် တစ်ခွက်၊
ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း၊
ပူစီနံလက်ဖက်ရည် ခွက်တစ်ဝက်
အထက်က ပါဝင်ပစ္စည်းအားလုံးကို ရောမွှေကာ သောက်ပေးရမှာ ဖြစ်ပါတယ်။

(၃) ချင်းလီမွန်ရည်
ချင်း(ဂျင်း)က ကိုယ်ခံအားစနစ်ကို သန်စွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ လီ မွန်သီးနဲ့ ရောစပ်ထားတဲ့အတွက် ကိုယ်အလေး ချိန်ကို လျော့ကျစေပါတယ်။ လီမွန်သီး သုံးလုံးကို အရည်ညှစ်ပါ၊ ချင်း အနည်းငယ်ကို ထောင်းပြီး ရေနွေးထဲထည့်ကျိူပါ။ ချင်းရေနွေးကြမ်း အေးတဲ့အခါ လီမွန်ရည်ကိုထည့်ပါ။ အချိုအရသာ ကြိုက်ရင် ပျားရည်နည်းနည်း ထည့်သောက်နိုင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top