Healthy Life Ad
Q & A

သွားတစ်ချောင်းရဲ့ ကြွေအထူ . . .

မေး ။ ။ လူတစ်ယောက် ပါးစပ်ထဲမှာရှိတဲ့ သွားတစ်ချောင်း ကြွေအထူက ဘယ်လောက်ရှိပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင်(မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ သွားမှာကြွေသွားအလွှာ ဘယ်လောက်ရှိသလဲ ဆိုတာက သွားကဖြူဖွေးနေတယ်ဆိုရင် ကြွေသွားအလွှာတော်တော်များတယ်လို့ ပြောလို့ရပါတယ်။ သွားအရောင်က ဖြူဖွေးမနေဘူး၊ ဆင်စွယ်နှစ်ရောင် ဝါတာတာလေး ဖြစ်နေတယ်ဆိုရင် ကြွေသွားအလွှာ တော်တော်နည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကပ္ပလီတွေ၊ အိန္ဒိယလူမျိုးတွေဆိုရင် ကြွေသွားအလွှာ အရမ်းထူတဲ့အတွက် သူတို့သွားတွေက ဖြူနေပါတယ်။ မြန်မာလူမျိုးတွေကျတော့ ကြွေသွားအလွှာက အဲဒီလောက်အထိ မကောင်းဘူး၊ ဆင်စွယ်နှစ်အလွှာ ပို များတယ်၊ အဲဒီအတွက် သွားကနည်းနည်းဝါကြန့်ကြန့်အရောင်လေးရှိတယ်။ ကြွေသွားအလွှာကလည်း ဒီအတိုင်းမနေဘူး၊ ပြုန်းပြုန်းသွားတယ်။ အဲဒီအခါ ကြွေသွားအလွှာ ပါးပါးပြီး ဆင်စွယ်နှစ်အလွှာက ပိုပေါ်လာတယ်။ အဲဒီအခါ သွားကျဉ်တယ်ဆိုတဲ့ ခံစားမှုပါရလာပါတယ်။ ထိလိုက်တာနဲ့ ကျဉ်တယ်၊ စားလိုက်တာနဲ့ ကျဉ်တယ်၊ လေတိုးရင် ကျဉ်တယ်၊ ရေသောက်ရင် ကျဉ်တယ်၊ အဲဒီလိုမျိုးဖြစ်လာရင် သွားကပိုးစားတာလည်း မရှိဘူး၊ သွားကောင်းတယ် ဆိုတဲ့အခါ သွားကျဉ်ရင် သုံးလို့ရတဲ့ သွားတိုက်ဆေး အမျိုးအစားကို ရွေးချယ်သုံးပေးလို့ရပါတယ်။ အဲဒီသွားတိုက်ဆေးတွေကတော့ ဆေးများများထည့်ပြီး တစ်ခါတိုက်ရင် ၂ မိနစ်ထက်ကျော်ပြီး ၃-၄ မိနစ် လောက်ကြာအောင် တိုက်ပေးရပါမယ်။ အဲဒီလို သွားတိုက်တာကို တစ်နေ့အနည်းဆုံး နှစ်ကြိမ်စွဲပြီး တိုက်ရပါမယ်။ သုံးလလောက် စွဲတိုက်ရင်သွားကျဉ်တာ သက်သာသွားပါလိမ့်မယ်။ အဲဒီအခါကျရင်တော့ ရိုးရိုးဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို ပြောင်းပြီးတိုက်ရပါမယ်။ သွားကျဉ်ရင် တိုက်တဲ့သွားတိုက် ဆေးတွေက ပိုကြမ်းတမ်းတဲ့အတွက် သွားတွေကိုပိုပြုန်းလွယ်ပါတယ်။ ဒါကြောင့် သွားကျဉ်တုန်း ခဏပဲတိုက်ပါ၊ တစ်လ-နှစ်လ-သုံးလထက် ကျော်ပြီး သွားမတိုက်နဲ့။ ကျဉ်တာသက်သာရင် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကိုပြောင်းပြီးတိုက်တာ အကောင်းဆုံးပါပဲ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top