Healthy Life Ad
Q & A

မီးတွင်းမှာ စားသင့်၊ ရှောင်သင့်တာတွေ . .

မေး။ ။ ကလေးမွေးပြီး ဘယ်လို အစားအသောက်တွေကို ဆင်ခြင်သင့်ပါသလဲ ဆရာ။

လွင်မာ (FB)

ဒေါက်တာစိုးလွင် (သားဖွားမီယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ ကလေးမွေးပြီး သွေးနုသားနုအချိန်မှာ အစာအာဟာရပြည့်ဝဖို့ အလွန်အရေးကြီးပါတယ်။ မြန်မာ အယူအဆတွေက ကလေးမွေးပြီးပြီ၊ မီးတွင်းဖြစ်သွားပြီဆိုတာနဲ့ အစားအသောက်တွေကို အများကြီး ရှောင်ခိုင်းလေ့ရှိပါတယ်။ ဟိုဟာနဲ့ မတည့်ဘူး၊ ဒီဟာနဲ့ မတည့်ဘူး ဆိုပြီး အမေက ပြောလိုက်၊ အဘွားက ပြောလိုက်နဲ့ သူနဲ့တည့်တာ သိပ်မရှိတော့ဘူး။ အဲဒီလိုနဲ့ပဲ မီးတွင်းကာလမှာ သွေးအားနည်းတတ်တယ်၊ ဗီတာမင် ဘီဝမ်းချို့တဲ့တာ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရင် မိခင်တင်မကဘဲ မိခင်နို့ချို သောက်စို့နေတဲ့ ကလေးမှာပါ အန္တရာယ်ရှိလာနိုင်ပါတယ်။ ဘီဝမ်းချို့တဲ့ရာက အမောဖောက်ပြီး သတိတောင် လစ်သွား တတ်ပါတယ်။ အဲဒါကြောင့် မီးတွင်းမှာ အစားရှောင်ရမယ်ဆိုတဲ့ အယူအဆမှားတွေကို ရှောင်ရမယ်။ အစားရှောင်ရင်း သွေးအားနည်းတာ၊ နို့ကောင်းကောင်း မထွက်တာနဲ့ အာဟာရချို့တဲ့တာတွေ ဖြစ်တတ်ပါ တယ်။ ဒါကြောင့် မီးတွင်းမှာ စုံလင်မျှတ သန့်ရှင်းတဲ့ အစားအသောက်တွေ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ နို့၊ ဥအမျိုးမျိုး စသဖြင့် စုံလင်အောင် စားဖို့ အရမ်းအရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top