Healthy Life Ad
Health Tips

ပန်းဂေါ်ဖီစိမ်း စားသင့်သည့် အကြောင်းပြချက် လေးရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
ပန်းဂေါ်ဖီစိမ်းက ဂေါ်ဖီထုပ် မျိုးနွှယ်ဝင်ဖြစ်ပြီး အောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

(၁) ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်
ပန်းဂေါ်ဖီစိမ်းမှာ ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ကေအမ်ဖရောဆိုတဲ့ ဖလေဗနွိုက်တစ်မျိုး ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုတုံ့ပြန်နိုင်စွမ်းကို အားကောင်းစေပါတယ်။ ပန်းဂေါ်ဖီစိမ်း မှာ ဆာဖိုရာဖိန်းဒြပ်ပေါင်းတစ်မျိုးပါဝင်တဲ့အတွက် အဆစ်တွေထဲမှာ အရိုးနုပျက်စီးမှုကို ကြန့်ကြာစေပြီး အဆစ်ရောင်နာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ ဓာတ်မတည့်မှုနဲ့ တခြားရောင်ရမ်းတဲ့ အခြေအနေရှိသူတွေအတွက် သင့်တော်တဲ့ အစာပါ။

(၂) အစာကြေညက်စေပါတယ်
ပန်းဂေါ်ဖီစိမ်းမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားသုံးမှု ဖြစ်စေဖို့ ကူညီပါတယ်။ ပန်းဂေါ်ဖီစိမ်းတစ်ခွက်စာ ပမာဏမှာ အမျှင်ဓာတ်နှစ်ဂရမ်ပါပြီး ကယ်လိုရီ ၃၀ ပါဝင်တာကြောင့် ကြာကြာဗိုက်ပြည့်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေနဲ့ ဓာတုပစ္စည်း တွေကိုတွန်းလှန်ပေးပါတယ်။ အစာကြေညက်စေပြီး ဝမ်းမချုပ်အောင် ကာကွယ် ပေးတဲ့အတွက် ဝမ်းမှန်မှန်သွားစေပါတယ်။

(၃) နှလုံးကျန်းမာရေးကောင်းမွန်စေပါတယ်
ပန်းဂေါ်ဖီစိမ်းစားရင် နှလုံးကျန်းမာ ရေးကောင်းမွန်စေပါတယ်။ အစားအသောက်နဲ့ စိုက်ပျိုးရေးဂျာနယ်ရဲ့ လေ့ လာမှုအရ ပန်းဂေါ်ဖီစိမ်းမှာ သိုင်ရိုဒေါက် စင်ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် နှလုံးဆဲလ်တွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးတယ်လို့ သိရပါတယ်။ တစ်သျှူးတွေပုပ်မသွားအောင် ကာကွယ်ပေး ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ဂလူတမစ်အက်ဆစ်ပါဝင်တာကြောင့် သွေးတိုးတာကို ထိန်းပေးပါတယ်။

(၄) ကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်
ပန်းဂေါ်ဖီစိမ်းရဲ့နောက်ထပ် အစွမ်းသတ္တိတစ်မျိုးကတော့ ကင်ဆာကို တွန်းလှန်နိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။ ပန်းဂေါ် ဖီစိမ်းမှာ အိုက်ဆိုသိုင်ယိုဆိုင်ယာနိတ် ဓာတ်တွေပါဝင်တဲ့အတွက် ကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း စားရင် အူမကြီးကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်နှုန်း ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ဆာ ဖိုရာဖိန်းဓာတ်ပါဝင်လို့ ဖြစ်ပါတယ်။ ဗီတာမင်ကေလည်း ပါဝင်တဲ့အတွက် အူမ ကြီးကင်ဆာကို ကာကွယ်ပေးနိုင်တာပါ။

သတိပြုရန်
ပန်းဂေါ်ဖီစိမ်းကိုချက်ပြုတ်တဲ့ အခါ အချိန် ၃- ၅မိနစ်ခန့်သာချက် ပြုတ်သင့်ပါတယ်။ ကင်ဆာကိုဟန့်တားနိုင်တဲ့ ဓာတ်တွေမပျက်စီး အောင်လို့ ဖြစ်ပါတယ်။
ပန်းဂေါ်ဖီစိမ်းစွပ်ပြုတ်ကလည်း ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံ၊ သံလွင်ဆီနဲ့ ပန်းဂေါ်ဖီစိမ်းပါဝင်တဲ့ စွပ်ပြုတ်ကို စားသုံးပေးနိုင်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top