Healthy Life Ad
Health Tips

စိတ်ဖိစီးမှု ချက်ချင်း လျော့ပါးစေမည့် နှိပ်နယ်ခြင်း

လူတွေဟာ မတူညီတဲ့ နည်းလမ်းတွေနဲ့စိတ်ဖိစီးမှုကို ဘက်ပေါင်းစုံကနေခံစားနေကြရပါတယ်။ စိတ်ဖိစီးမှုခံစားရတဲ့အခါ လူအများစုက ပူပင်သောကများပြီး အရာရာမလွယ်ကူတဲ့ ခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာလည်းလေးလံပြီး တောင့်တင်းနာကျင်မှုတွေ ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှု ဖြေလျှော့ဖို့ ပထမဆုံးအဆင့်က သင့်မှာဖြစ်ပေါ်နေတဲ့ မကောင်းတဲ့ စိတ်ခံစားချက်ကို အရင်ဆုံးဖယ်ရှားလိုက်ဖို့ပါပဲ။

အကြံပြုချက်

(၁) နားကြပ်တံဂွမ်းလေးနဲ့ ပုံမှာ ပြထားတဲ့ နားရွက်ပေါ်က အမှတ်ကို ဖိပြီး ညင်ညင်သာသာနှိပ်နယ်ပေးပါ။ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်ပါ။

(၂) အသက်ပြင်းပြင်း ရှူသွင်းရင်း ခန္ဓာကိုယ်အသံကို နားဆင်ကြည့်ပါ။

(၃) ဘယ်ဘက်နားမှာ ဂွမ်းတံနဲ့ဖိရင်း ညာဘက်ကနေ အသက်ရှူထုတ်လိုက်ပါ။

(၄) ခန္ဓာကိုယ်က တည်ငြိမ်မှုရှိသွားတာကို သင် ခံစားရပါလိမ့်မယ်။

Tip!

– လက်ချောင်းတွေကိုသုံးပြီး နားရွက်ထိပ်က အဲဒီအမှတ်အသားကို နှိပ်ပေးပါ။

– စိတ်ဖိစီးမှုဖြစ်ပေါ်တိုင်း နှိပ်နယ်ပေးပါ။

– ဒီနည်းလမ်းကို ညအိပ်ရာမဝင်ခင် ညတိုင်း လုပ်ဆောင်ပေးရပါမယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top