Healthy Life Ad
Life Style

နူးညံ့ပြည့်တင်းတဲ့ နှုတ်ခမ်းသားပိုင်ဆိုင်စေမယ့်နှုတ်ခမ်းနီဆိုးနည်း

၊ လရိပ်မေ ၊

နူးညံ့ပြီး ပြည့်တင်းတဲ့ နှုတ်ခမ်းသားဖူးဖူးလေးပိုင်ဆိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အဆင့် (၁)
သွားပွတ်တံနုနုလေးဖြင့် တိုက်ပါနှုတ်ခမ်းသားကိုသွားပွတ်တံနုနုလေးနဲ့ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ပြီးရင် နှုတ်ခမ်းဆိုးဆေး (Lip balm)ဆိုးပေးပါ။

အဆင့် (၂)
နှုတ်ခမ်းသားကိုအနားသတ်ပေးပါနှုတ်ခမ်းသား ပုံပေါ်စေဖို့ အညိုရောင်နှုတ်ခမ်းဆိုးခဲတံ (Lip pencil)နဲ့ နှုတ်ခမ်းသားကို ပုံဖော်ပေးပါ။

အဆင့် (၃)
နှုတ်ခမ်းသားအလယ်ကို ဖြည့်ပါနှုတ်ခမ်းသားအလယ်ကို နှုတ်ခမ်းဆိုးခဲတံနဲ့ဖြည့်ပေးပါ။

အဆင့် (၄)
နှုတ်ခမ်းဆိုးဆေးအဆီဆိုးပါနှုတ်ခမ်းဆိုးဆေးအဆီ (Lip palm ) ဆိုးပေးလိုက်ရင် နှုတ်ခမ်းဆိုးခဲတံနဲ့ ဆိုးတာ ကြောင့်ဖြစ်တဲ့ နှုတ်ခမ်းသားခြောက်သွေ့မှုကိုလျော့ကျစေပါတယ်။

အဆင့်(၅)
အသားရောင်နှုတ်ခမ်းဆိုးဆေးဆိုးပါအသားရောင်နှုတ်ခမ်းဆိုးဆေးဆိုးပေးပါ။နောက်ဆုံးမှာ နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲမှုကင်းပြီး နှုတ်ခမ်းသားက သဘာဝကျကျပြည့်တင်း ကြည့်ကောင်းနေမှာဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top