Healthy Life Ad
International

အသက်ကြီးမှ ကလေးယူခြင်း၏ အန္တရာယ်များကို သုတေသီများက ရှင်းပြ

၊ မိုးမင်းထွန်း ၊

အမျိုးသမီးတွေ အလုပ်လုပ်တာ၊ ခရီးသွားတာတွေကြောင့် ကလေးမရှိတဲ့ဘဝကို အကြာကြီးဖြတ်သန်းတဲ့နှုန်းက မြင့်မားလာပြီး ၃၀ကျော်အရွယ်တွေမှာ ပထမအကြိမ်ကိုယ်ဝန်ဆောင်နှုန်းဟာ ၁၉၉၁ ခုနှစ်ကတည်းကထက် နှစ်ဆဖြစ်လာပါတယ်။ ဒီအပတ်မှာ အသက် ၆၂ နှစ်အရွယ် သြစတြေးလျအမျိုးသမီး တစ်ယောက်က ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပြီးနောက် အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့ အန္တရာယ်အကြောင်း ပြောဆိုမှုတွေများပြားလာခဲ့ပါတယ်။

အမျိုးသမီးတွေရဲ့ သားဥတွေက မိခင်ရဲ့ဝမ်းဗိုက်ထဲမှာရှိစဉ်ကတည်းက စတင်ဖွံ့ဖြိုးကြပြီး သားဥအိမ်ထဲမှာသိုလှောင်ထားပါတယ်။ အမျိုးသမီးဓမ္မတာလာတဲ့ လစဉ်တိုင်းမှာ မျိုးဥ ၄၀ဝကြွေကျမှု ဖြစ်ပေါ်ကာ လေးသန်းကြွေကျမှုအပြီးမှာ အမျိုးသမီးသွေးဆုံးမှု ဖြစ်ပေါ်ပါတယ်။ အမျိုးသမီးတစ်ယောက် အသက်ကြီးလာတဲ့အခါ သူရဲ့ သားဥအရည်အသွေးက ကျဆင်းလာပါတယ်။ အရည်အသွေးကျဆင်းတာက မျိုးဗီဇမှားယွင်းမှုတွေ ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ပျက်ကျတာနဲ့ ချို့ယွင်းချက်ရှိတဲ့ကလေးတွေ မွေးဖွားစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် မိခင်ရောကလေးပါ အန္တရာယ်အကင်းဆုံး အသက်အရွယ်က အသက်၂၀ ကျော်တွေလို့ဆိုပါတယ်။ အသက် ၂၀ ကျော် အမျိုးသမီးတွေက အဝလွန်ရောဂါနဲ့ ဆီးချိုလိုရောဂါတွေ ကင်းစင်ကြတဲ့ အချက်ကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန် အန္တရာယ်ဖြစ်မှု ပိုမိုနည်းကြတာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top