Healthy Life Ad
Life Style

ဆေးဝါးမပါဘဲ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း မြင့်တက်လာစေမည့် အလွယ်နည်းများ

၊ ကိုထက် ၊

အမျိုးသားတွေအနေနဲ့ ကျားဟော်မုန်းတက်စတိုစတီရုန်းအဆင့် မြင့်တက်စေဖို့အတွက် အိမ်မှာအလွယ်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုအကြံ ပြုလိုက်ပါတယ်။

(၁) ဇင့်(သွပ်)ဓာတ်ပါဝင်သည့် အာဟာရ စားပါ

ဇင့်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေကကမာကောင်၊ အမဲသား၊ တိရစ္ဆာန်အသည်း၊ ပင်လယ်စာ၊ ကြက်၊ ဘဲ၊ အခွံမာသီး၊ အစေ့အဆန်၊ ဆယ်လ်မွန်ငါး၊ ဆန်လုံးညို၊ ဒိန်ခဲ၊ ပဲအမျိုးမျိုး၊ နွားနို့၊ ဒိန်ချဉ်စတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ဇင့်(သွပ်)ဓာတ်ဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရေးအတွက် အရေးပါပါတယ်။

ဇင့်ဓာတ်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ သုက်ကောင်တွေထုတ်လုပ်နိုင်အောင် ကူညီပေးသလို သုက်ကောင်အရေအတွက် များများထွက်ရှိအောင်လည်း ပံ့ပိုးပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဇင့််(သွပ်)ဓာတ်နည်းနေရင် ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့်လည်း လျော့နည်းနေနိုင်ပါတယ်။

(၂) ခန္ဓာကိုယ်ရှိ အဆီပိုများကို လျှော့ချပါ

ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိတာက အမျိုးသားတွေရဲ့ ယောကျာ်းပီသမှုကို လျော့ကျစေပါတယ်။ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိလေလေ၊ အီစတရိုဂျင်ဟော်မုန်းအဆင့် များလေလေဖြစ်နိုင်တာကြောင့်ပါ။ ဒါကြောင့် အဆီပိုတွေများပြီး အဝလွန်နေရင် တစ်လမှာ ကိုယ်အလေးချိန် တစ်ပေါင်ခန့် လျော့ကျအောင် လေ့ကျင့်ခန်း လုပ်ပါ။

(၃) ကောင်းမွန်သည့် အဆီ စားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ဖြစ်တဲ့အခွံမာတဲ့ အစေ့အဆန်၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး၊အိုမီဂါ ၃ ဖက်တီးအက်စစ် စတဲ့ အစာတွေကို အစားများတဲ့ အမျိုးသားတွေက ကျားဟော်မုန်းတက်စတိုစတီရုန်းအဆင့် အမြင့်ဆုံးဖြစ်နေတာကိုလေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်မှ ကျားဟော်မုန်းတက်စတိုစတီရုန်း ထုတ်လုပ်နိုင်ဖို့ ကောငး်တဲ့ အဆီတွေ လိုအပ်နေပါတယ်။

(၄) တစ်ည ရှစ်နာရီ အိပ်ပါ

အိပ်စက်ချိန်နည်းတဲ့ အမျိုးသားတွေဟာ တစ်ည ၆-၈နာရီအိပ်စက်တဲ့ အမျိုးသားတွေထက် ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် လျော့နည်းနေတယ်လို့ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရသိရပါတယ်။ အိပ်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အရေးကြီးပါတယ်။

(၅) စိတ်ဖိစီးမှုကို တွန်းလှန်အနိုင်ယူပါ

စိတ်ဖိစီးမှုခံစားရတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစောဆိုတဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ ဒီဟော်မုန်းဟာ ကျားဟော်မုန်းတက်စတိုစတီရုန်း ထုတ်လုပ်မှုကို နှောင့်ယှက်ဟန့်တားတတ်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုဆိုင်ရာဟော်မုန်းဟာ ဗိုက်ပူစေတဲ့အတွက် ဗိုက်မှာ အဆီပိုတွေရှိလေလေ၊ တက်စတိုစတီရုန်းအဆင့် လျော့နည်းလေလေဆိုတဲ့ အချက်နဲ့ ဆက်စပ်မှုရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်တာ၊ အသက် ပြင်းပြင်းရှူတာ၊ အိပ်ရေးဝ၀အိပ်စက်အနားယူတာစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

(၆) ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာကြောင့် အဆီပိုကင်းပြီး ကြွက်သားထုထည်အားကောင်းကာ ခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်း ထုတ်လုပ်မှုအဆင့်ကိုတိုးစေပါတယ်။ လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာ၊ပြေးတာ၊ ရေကူးတာ စတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတေကွ ို လုပ်ဆောင်သင့်သလို ကြွက်သားထုထည်သန်စွမ်းစေမယ့် အလေးမလေ့ကျင့်ခန်း၊ အိပ်ထမတင် လေ့ကျင့်ခန်း၊ ထိုင်ထ လေ့ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်သင့်ပါတယ်။

(၇) ဗီတာမင်ပါဝင်သော အစားအစာများ စားပါ

ဗီတာမင် အေ၊ ဘီ၊ အီးတွေ ပါတဲ့ အစားအသောက်တွေကို စားတာက တက်စတိုစတီရုန်းထုတ်လုပ်မှုအတွက် အရေးပါပါတယ်။ ဒါကြောင့် အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အစုံ စားပေးသင့်ပါတယ်။ အခွံမာသီး၊ အစေ့အဆန်တွေထဲမှာလည်း ယင်းဗီတာမင်ဓာတ်တွေ ပါဝင်နေပါတယ်။

(၈) ခန္ဓာကိုယ်အောက်ပိုင်းကို မပူလွန်းအောင်သတိထားပါ

အတွင်းခံ ဘောင်းဘီကျပ်ကျပ် ဝတ်တာ၊ ရေပူစိမ်ပြီး ရေချိုးတာ၊ ပေါင်ပေါ်မှာ Laptop  တင်ပြီး သုံးတာ စတဲ့ နည်းလမ်းတွေက ခန္ဓာကိုယ်အောက်ပိုင်းအထူးသဖြင့် အမျိုးသားအင်္ဂါကို ပူစေတာကြောင့်တက်စတိုစတီရုန်းထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံဘောင်းဘီကိုခပ်ပွပွဝတ်ဆင်ပါ။

(Ref;Yahoo)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top