Healthy Life Ad
Life Style

ဆီးချိုရောဂါသည်များအတွက် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ဆီးချိုရောဂါ၊ တစ်နည်းအားဖြင့် မိမိ တို့ခန္ဓာကိုယ်ရဲ့သွေးအတွင်းမှာရှိတဲ့ အချိုဓာတ်ကို ထိန်းနိုင်ဖို့ အောက်ပါအတိုင်း နေထိုင်စားသောက်သင့်ပါတယ်။

(၁) လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

ဆီးချိုရောဂါတို့အတွက်လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ အရေးကြီးပါတယ်။ အလွယ်ကူဆုံးနည်းလမ်းမှာ ခပ်သွက်သွက်လမ်းလျှောက်ဖို့ပဲ ဖြစ်ပါတယ်။မနက် ၃၀ မိနစ်၊ ညနေ ၃၀ မိနစ်ခန့် လျှောက်ပေးဖို့ လိုပါတယ်။ လမ်းလျှောက်တာကြောင့် ခန္ဓာကိုယ်အတွင်းရှိ အဆီတွေ လျော့ကျရုံသာမက သွေးထဲမှာရှိတဲ့ အချိုဓာတ်လည်း ကျဆင်းသွားပါလိမ့်မယ်။

လမ်းလျှောက်တာအပြင် ကြိုးခုန်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ ဘောလုံးကစားတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ စသဖြင့် တစ်ပတ်မှာ အနည်းဆုံး၅ရက်၊ တစ်ရက်မှာ ၃၀ မိနစ်ခန့် လုပ်ပေးရပါမယ်။မိမိသာမက မိမိရဲ့အိမ်သူအိမ်သားနဲ့ ကလေးငယ်တွေကိုပါ တစ်ခါတည်း ခေါ်ယူလုပ်ဆောင်စေတာကြောင့် တစ်အိမ်သားလုံးကို ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ထားပြီး ဖြစ်ပါလိမ့်မယ်။

(၂) ချိုသော မုန့်ပဲသရေစာများကို တတ်နိုင်သမျှရှောင်ပါ

ရေခဲမုန့်၊ ကိတ်မုန့်၊ ကွတ်ကီး၊ ချောကလက်စတဲ့ အချိုများတဲ့ မုန့်ပဲသရေစာတွေနဲ့ အချိုရည်တွေကို စားသောက်တာကနေ ရှောင်ကြဉ်ရပါမယ်။ မုန့်တွေနဲ့ အချိုရည်တွေက အာဟာရဖြစ်စေတဲ့ ဓာတ်တွေထက် သကြားတွေပဲ အများဆုံး ပါဝင်တာပါ။

(၃) ဟင်းသီးဟင်းရွက်များကို နေ့တိုင်းစားသုံးပါ

ကောက်ပဲ၊ ဟင်းသီးဟင်းရွက်အနက်မှ တစ်မျိုးဒါမှမဟုတ် နှစ်မျိုးကို နေ့တိုင်းစားသောက်ပေးပါ။

၁။ ကြက်ဟင်းခါးသီး

တစ်နေ့မှာ နှစ်လုံးခန့် စားရမှာ ဖြစ်ပါတယ်။အခွံနွှာပြီး အစေ့ထုတ်ပါ။ ပြီးရင် ရေထဲမှာ ထည့်ပြုတ်ပြီး အရည်ရော အသီးပါစားနိုင်ပါတယ်။ ဒါမှမဟုတ် ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း စားနိုင်ပါတယ်။

၂။ ဟင်းနုနွယ်ရွက်

၃။ ပင်စိမ်းရွက်

၄။ ရုံးပတီသီး / ခရမ်းသီး

၅။ ဂေါ်ဖီထုပ် / ပန်းမုန်လာ

၆။ မုန်လာဥနီ / မုန်လာဥဖြူ / ခရမ်းချဉ်သီး

၇။ ကြက်သွန်နီ / ကြက်သွန်ဖြူ

၈။ ခဝဲသီး / သခွားသီး

၉။ ငရုတ်သီး

၁၀။ ဘူးသီး

၁၁။ သံပရာသီး

၁၂။ ငရုတ်ပွသီး

(၄) အာလူးနှင့် ကန်စွန်းဥ

အာလူးနဲ့ ကန်စွန်းဥမှာ ကစီဓာတ် (Starch) ပါဝင်ပေမယ့်လည်း တစ်နေ့မှာ တစ်လုံး စားနိုင်ပါတယ်။

(၅) ထမင်း၊ ပေါင်မုန့်၊ ဂျုံနှင့်ပြုလုပ်သော အစားအစာများ

ထမင်းကို တစ်ရက်မှာ ပန်ကန်လုံး တစ်လုံး စားနိုင်ပါတယ်။ ပေါင်းအိုးနဲ့ မချက်ဘဲ ရေငှဲ့ပြီးချက်ရင် ပိုပြီးကောင်းပါတယ်။ ပေါင်မုန့်ကြမ်း နှစ်ချပ် ဒါမှမဟုတ် ဂျုံနဲ့ ပြုလုပ်တဲ့ ချာပါတီကိုလည်း ညနေစာအဖြစ် စားသုံးနိုင်ပါတယ်။

(၆) အသား၊ ငါး၊ ကြက်ဥနှင့်နွားနို့

အသားကို တစ်ပတ်လျှင် တစ်ကြိမ်ခန့်စားသုံးရင် လုံလောက်ပါတယ်။ ငါးကို တစ်ပတ်မှာ သုံးကြိမ်ခန့် စားသုံးပေးရပါမည်။ နွားနို့ကိုလည်း တစ်နေ့လျှင် အနည်းဆုံး တစ်ခွက် သောက်ပေးရပါမယ်။ကြက်ဥအဖြူကို စားနိုင်ပေမယ့်လည်း အဝါနှစ်ကိုမူတစ်ပတ်မှာ နှစ်လုံးထက်ပိုပြီး စာဖို့ မသင့်တော်ပါ။

(၇) ဆီနှင့် ဆီကြော်စာများ

ဆီနဲ့ ကြော်တဲ့ အကြော်တွေကို အတတ်နိုင်ဆုံးရှောင်ရပါမယ်။ ဟင်းအနှစ်တွေကို မစားပါနဲ့။ ဟင်း ရွက်သုပ်တဲ့အခါ သံလွင်ဆီနဲ့ သုပ်ပြီး စားမယ်ဆိုရင်ပိုအဆင်ပြေပါတယ်။

(၈) ရေနွေးကြမ်း၊ ရေ၊ ကော်ဖီနှင့် လက်ဖက်ရည်

အချိုရည် အစား ရေနွေးကြမ်းကို သောက်ရပါမယ်။ ရေနွေးကြမ်းကို တစ်ရက်မှာ လေးခွက် သောက်ပေးပါ။ ရေသန့်ကိုလည်း တစ်နေ့မှာ အနည်းဆုံး နှစ်လီတာ သောက်ပေးရပါမယ။် ကော်ဖီနှင့် လက်ဖက်ရည်ကို သကြားမပါဝင်ဘဲ တစ်နေ့နှစ်ခွက်သောက်နိုင်ပါတယ်။

အထက်ပါအတိုင်း ပြုမူနေထိုင်စားသောက်မယ် ဆိုရင် မိမိတို့ခန္ဓာကိုယ်ရဲ့ သွေးအတွင်းမှာရှိတဲ့အချိုဓာတ်ကို ထိန်းနိုင်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top