Healthy Life Ad
International

မေးရိုးနှင့် သွားခွဲစိတ်မှုကြောင့် အံသြစရာ ကောင်းလောက်အောင် ချောမောလာသူ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် အယ်လ်လီဂျုန်းစ်ဟာ မွေးရာပါ မျက်နှာ ပုံမကျမှုကြောင့် သွားတွေက ညီညီညာညာမရှိခဲ့ပါဘူး။ သူ့အသက် ၈နှစ်ကတည်းက မေးရိုးဆက်လက်မဖွံ့ဖြိုးတော့ပါဘူး။ အသက် ၁၄ နှစ်ကတည်းက သွားအထိန်းစွပ်တပ်ခဲ့ရပါတယ်။ သူက မျက်နှာနဲ့ မေးရိုးဆရာဝန်ဆီ သွားရောက်ပြသခဲ့ပါတယ်။

ပထမဆုံးခွဲစိတ်မှုကို အယ်လ်လီ အသက် ၁၆ နှစ် အရွယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုက နာကျင်တာကြောင့် စကားတောင် ပြောလို့မရတော့ပါဘူး။ တစ်လလောက်အရည်တွေသာ သောက်နေရကာ စာရေးပြီး အဆက် အသွယ်လုပ်ခဲ့ရပါတယ်။ ၆ လလောက် အကြာမှ စကားပြန်ပြောနိုင်ခဲ့တယ်လို့ အယ်လ်လီကဆိုပါတယ်။ တစ်နှစ်အကြာမှာတော့ သေးငယ်လွန်းတဲ့ မေးစေ့ကို ဆက်လက်ခွဲစိတ်မှုလုပ်ခဲ့ပါသေးတယ်။

ဒီခွဲစိတ်မှုတွေအပြီးမှာတော့အယ်လ်လီက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာကာ ရှက်ရွံ့တတ်တဲ့သူက အကသင်တန်းတွေတောင်သွားပြီး တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံဆရာမတစ်ယောက် ဖြစ်ချင်ကြောင်းနဲ့ ရည်မှန်းချက်တွေပြည့်ဝဖို့ သူ့မိခင်ကလည်း ပံ့ပိုးပေးနေကြောင်း သူကပြောပါတယ်။ ခွဲစိတ်မှုကြောင့် အယ်လ်လီရဲ့ ယုံကြည်မှုမြင့်တက်လာရုံ သာမကပဲ အခုဆို ချောမောတဲ့ အမျိုးသမီးတစ်ယောက်တောင် ဖြစ်လို့နေပါပြီ။

အယ်လ်လီရဲ့ ဆရာဝန်အမ်မာဝူးလေက “လူအတော်များများက မေးရိုးပုံမကျတာကို သတိမပြုတတ်ကြပါဘူး။ အစားစားတဲ့အခါ ခက်ခဲတာကိုပဲ သိကြပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ မကုသရင် နောက်ပိုင်းမှာကုသဖို့ ခက်ခဲသွားပါတယ်။ ကျွန်မရဲ့ကုသမှုကြောင့် အယ်လ်လီရဲ့ဘဝ ပြောင်းလဲသွားတာမြင်ရလို့ စိတ်ချမ်းသာပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top