Healthy Life Ad
Health Tips

ယနေ့ပင် ဆေးလိပ်ဖြတ်သင့်သော အကြောင်းပြချက် ၄၃ ရပ်

၊ ကိုမိုး ၊ (Ref;MO)

သင် ဆေးလိပ်သောက်တတ်ပါသလား။ ဒါဆိုရင် ဆေးလိပ်ကို ဒီနေ့ပဲ ဖြတ်သင့်တဲ့ အကြောင်းပြ ချက်ကောင်းတွေကို ဖတ်ကြည့်လိုက်ပါ။

(၁) အဆုတ်ကင်ဆာ
ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာဖြစ်စေတဲ့ နံပါတ်တစ်အကြောင်းရင်း ဖြစ်ပါတယ်။

(၂) နှလုံးရောဂါ
နှလုံးရောဂါနဲ့ သေဆုံးသူ ငါးဦးရှိတိုင်း တစ်ဦးဟာ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်နေပါတယ်။

(၃) ဆီးချိုသွေးချိုရောဂါ
ဆေးလိပ်သောက်တာကြောင့် အမျိုးအစား (၂)ဆီးချိုသွေးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။

(၄) အသည်းကင်ဆာ
ဆေးလိပ်သောက်တာကြောင့် အသည်းကင်ဆာဖြစ်နှုန်းကို မြင့်တက်စေပါတယ်။

(၅) ပန်းသေပန်းညှိုးရောဂါ
ဆေးလိပ်သောက်တာကြောင့်သွေးလွှတ်ကြောထဲမှာ သွေးခဲဖတ် စုပုံပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ပိတ်ဆို့စေနိုင်ပါတယ်။

(၆) စပျစ်သီးသန္ဓေတည်ခြင်း
ကိုယ်ဝန်ဆောင်တဲ့ အမျိုးအစား ၁၁ ရာခိုင်နှုန်းခန့်ဟာ စပျစ်သီးသန္ဓေတည်တတ်ပြီး ဒါက ဆေး လိပ်သောက်တာနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။

(၇) အနာကျက်ခြင်း
ဆေးလိပ်သောက်တာကြောင့် အရေပြားဆီသွေးစီးဆင်းမှု လျော့ကျစေတဲ့အတွက် အနာကျက်နှုန်း နှေးစေပါတယ်။

(၈) အနံ့
ဆေးလိပ်ဖြတ်ရင် သင့်အဝတ်အစား၊ ကလေး၊ကားနဲ့ အိမ်တွေမှာ အနံ့အသက် ကောင်းသွားပါလိမ့်မယ်။

(၉) ရူမတွိုက်အဆစ်ရောင်နာဖြစ်ခြင်း
ဆေးလိပ်သောက်တာကြောင ့် ရူမတွိုက်အဆစ်ရောင်နာ ဖြစ်နှုန်း မြင့်တက်စေပါတယ်။

(၁၀) အူမကြီးအစာဟောင်းအိမ်ကင်ဆာဖြစ်ခြင်း
ဆေးလိပ်သောက်သူတွေက အူမကြီး အစာဟောင်းအိမ်ကင်ဆာနဲ့ သေဆုံးနိုင်ခြေ ပိုများပါတယ်။

(၁၁) တစ်ဆင့်ခံဆေးလိပ်ငွေ့
အမေရိကန်မှာ နှစ်စဉ် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူတာကြောင့် နှလုံးရောဂါဖြစ်ပြီး သေဆုံးသူ၄၂၀ဝ၀ ဦး ရှိပြီး
အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးသူ၃၄၀ဝ ဦး ရှိပါတယ်။

(၁၂) ကျန်းမာရေး စောင့်ရှောက်မှုစရိတ်
ဆေးလိပ်သောက်တာကြောင့် တစ်နှစ်မှာကျန်းမာရေး စောင့်ရှောက်ရတဲ့ စရိတ်က အမေရိကန်ဒေါ်လာ ၂၈၉ ဘီလျံရှိတယ်လို့စစ်တမ်းတွေအရ သိရပါတယ်။

(၁၃) အသက်တိုခြင်း
ဆေးလိပ်သောက်သူတွေက ဘဝမှာ သက်တမ်း၁၀နှစ်ကျော် ဆုံးရှုံးမှု များစေပါတယ်။

(၁၄) လေဖြတ်ခြင်း
ဆေးလိပ်သောက်တာကြောင့် သွေးပျစ်စေပြီးသွေးခဲဖြစ်နှုန်း ပိုများကာလေဖြတ်နိုင်ခြေများပါတယ်။

(၁၅) ဆီးအိတ်ကင်ဆာ
ဆီးအိတ်ကင်ဆာ ဖြစ်စေတဲ့ နံပါတ် တစ်အကြောင်းရင်းက ဆေးလိပ်သောက်တာကြောင့် ဖြစ်ပါတယ်။

(၁၆) သားအိမ်ခေါင်းကင်ဆာ
ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေက သားအိမ်ခေါင်းကင်ဆာဖြစ်နှုန်းကို နှစ်ဆ မြင့်တက်စေပါတယ်။

(၁၇) ကိုယ်ခံအားစနစ်
ဆေးလိပ်သောက်တာကြောင့် ပဋိပစ္စည်းတွေကို ချိုးနှိမ်ပေးတဲ့အပြင် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကိုပါ ဖိနှိပ်ပေးပါတယ်။

(၁၈) နာမကျန်းမှု မြင့်မားခြင်း
ဆေးလိပ်သောက်တာကြောင့် အထွေထွေနာမကျန်းမှုဖြစ်နှုန်း တိုးစေပါတယ်။

(၁၉) အာခေါင်ကွဲခြင်း
ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်တာကြောင့် အာခေါင်ကွဲတဲ့ ကလေး မွေးဖွားနိုင်ခြေ မြင့်မားပါတယ်။

(၂၀) ကင်ဆာကုထုံး
ဆေးလိပ်သောက်တာကြောင့် ကင်ဆာကုထုံးအောင်မြင်နိုင်ခြေ လျော့ပါးစေပါတယ်။

(၂၁) ငယ်ရွယ်သော အသွင်အပြင်
ဆေးလိပ်သောက်တာကြောင့် အသားရေကိိုရင့်ရော်စေတဲ့အပြင် ပင်ပန်းနွမ်းနယ်ကာ မျက်နှာချောင်ကျစေပါတယ်။ လက်သည်းခြေသည်းနဲ့ သွားတွေကို အရောင်ပြောင်းစေပါ
တယ်။

(၂၂) ငွေကြေး
ဆေးလိပ်ဖြတ်လိုက်ရင် တစ်နှစ်ကြာပြီးတဲ့အခါသင့်မှာ ငွေအတော်များများ စုဆောင်းမိနေတာကို သတိပြုမိပါလိမ့်မယ်။

(၂၃) ဆံပင်
ဆေးလိပ်သောက်တာကြောင့် အရွယ်မတိုင်ခင် ထိပ်ပြောင်ပြီး ဆံပင်ဖြူ မြန်စေပါတယ်။

(၂၄) အိမ်မွေးတိရစ္ဆာန်
တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်တာကြောင့်သင့်မိသားစုနဲ့ ကလေးတွေကို ထိခိုက်စေရုံသာမကသင့်အိမ်မွေးတိရစ္ဆာန်ကိုပါ ထိခိုက်စေပါတယ်။

(၂၅) မိသားစုကျန်းမာရေး
သင့်မိသားစုအတွင်း ဆေးလိပ်သောက်သူတစ်ဦးရှိတာကြောင့် တခြားသူတွေ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ရကာ ကျန်းမာရေးအန္တရာယ်ဖြစ်တတ်ပါတယ်။

(၂၆) ကဖင်းဓာတ်လိုအပ်မှု
ဆေးလိပ်သောက်တဲ့အခါ သင့်ခန္ဓာကိုယ်ကက ဖင်းဓာတ်ကို နှစ်ဆနီးပါး လိုအပ်သွားပါတယ်။

(၂၇) အိပ်ရေးဝ၀ အိပ်မောကျခြင်း
ဆေးလိပ်သောက်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရင်တောင် လန့်နိုးစေပါတယ်။

(၂၈) အရိုးသန်စွမ်းခြင်း
ဆေးလိပ်သောက်တာကြောင့် အရိုးပါးရောဂါဖြစ်နှုန်းနဲ့ အရိုးအက်တဲ့နှုန်းကို မြင့်တက်စေတယ်လို့လေ့လာမှုအရ သိရပါတယ်။

(၂၉) အကြားအာရုံ ဆုံးရှုံးခြင်း
ဆေးလိပ်သောက်သူတွေက အကြားအာရုံ ဆုံးရှုံးမှု ဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုများပါတယ်။

(၃၀) အားလပ်ရက် အပန်းဖြေခြင်း
ဆေးလိပ်ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ထားတဲ့နေရာတွေဆိုရင် အပန်းဖြေခရီးသွားလေ့ ရှိကြပါတယ်။

(၃၁) ရင်ပူခြင်း
ဆေးလိပ်သောက်တာကြောင့် အက်ဆစ်ဆန်တက်နှုန်း မြင့်မားကာ ရင်ပူစေပါတယ်။

(၃၂) ခြေဖဝါး၊ လက်ဖဝါးအေးစက်ခြင်း
ဆေးလိပ်သောက်တဲ့အတွက် သွေးလှည့်ပတ်မှုမကောင်းတာကြောင့် ခြေဖဝါး၊ လက်ဖဝါးတွေ အေးစက်နေတတ်ပါတယ်။

(၃၃) မျိုးအောင်ခြင်း
ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေက မျိုးအောင်နိုင်စွမ်း သိသိသာသာ ကျဆင်းတတ်ပါတယ်။

(၃၄) အန္တရာယ်ကင်းသော ကလေး မွေးဖွားခြင်း
ပဋိသန္ဓေတားဆေး မှီဝဲနေစဉ် ဆေးလိပ်သောက်ရင် ကလေးမွေးဖွားရာမှာ ဘေးထွက်ဆိုးကျိုးရနိုင်ခြေ ပိုများပါတယ်။

(၃၅) သုက်ကောင်
ဆေးလိပ်သောက်တာကြောင့် အမျိုးသားတွေမှာ သုက်ကောင်ထိခိုက်ကာ သန္ဓေအောင်နိုင်စွမ်းနည်းပါတယ်။

(၃၆) အိမ်ထောင်ရေး
စုံတွဲရှာဖွေရေးအေဂျင်စီရဲ့ လေ့လာမှုအရ လူ၅၈ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်သူနဲ့ ချိန်းဆိုမှု မလုပ်ချင်ဘူးလို့ သိရပါတယ်။

(၃၇) အစာများများ စားခြင်း
ဆေးလိပ်သောက်သူတွေက အစာကို ပိုပြီးများများ စားတတ်ပါတယ်။(၃၈) အိမ်ခန်းတွင်း အဝါစွန်းခြင်းစီးကရက်သောက်တာကြောင့် အိမ်တွင်းနံရံမှာအဝါစွန်းတွေ
ထင်တတ်ပါတယ်။

(၃၉) သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါ
ဆေးလိပ်သောက်တာကြောင့် သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါကို သိသိသာသာ ဖြစ်စေနိုင်ပါတယ်။

(၄၀) ရုတ်တရက် ကလေးသေဆုံးသော ရောဂါစု
တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ရတာကြောင့်ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေဒဏ်ခံရကာ မွေးကင်းစကလေးငယ်တွေရဲ့ အဆုတ်၊ နှလုံးနဲ့ဦးနှောက်ကို ထိခိုက်စေပြီး
ရုတ်တရက် သေဆုံးမှုကို ဖြစ်စေနိုင်ပါတယ်။

(၄၁) သွေးဆုံးချိန် ဝေဒနာ ခံစားရခြင်း
ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေက သွေးဆုံးချိန်အတောအတွင်း ပူနွေးချွေးထွက်တဲ့ ဝေဒနာ ပိုအဖြစ်များပါတယ်။

(၄၂) ဆိုးရီးယေးစစ်ရောဂါ
ဆေးလိပ်သောက်တာကြောင့် အရေပြားမှာဆိုးရီးယေးစစ်ရောဂါ ဖြစ်နှုန်း မြင့်တက်စေပါတယ်။

(၄၃) အယ်လ်ဇိုင်းမားရောဂါ
အသက်ကြီးသူတွေမှာ မှတ်ဉာဏ်စွမ်းရည်ကျဆင်းနှုန်းက ဆေးလိပ်မသောက်သူတွေနဲ့ ယှဉ်ရင် ဆေးလိပ်သောက်သူတွေက ငါးဆ ပိုမြန်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top