Healthy Life Ad
Life Style

ကိုယ်ဝန်ရှိစဉ် ကွမ်းစားခြင်းက အရက်သောက်ခြင်းကဲ့သို့ပင် သန္ဓေသားကို ထိခိုက်စေနိုင်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားရင် မွေးလာတဲ့ကလေးလေးဟာ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားတာက ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်သလိုမျိုး ရရှိတဲ့ ဆိုးကျိုးက အတူတူပါပဲ။ မွေးလာမယ့် ကလေးအပေါ်ရရှိမယ့် ထိခိုက်မှုကလည်း အတူတူပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားရင် ဒီအင်န်အေ (DNA) ထိခိုက်မှု ဖြစ်တတ်ပါတယ်။ ဒါကြောင့်သန္ဓေသားကို ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းကို လုံးဝ မစားသင့်ပါဘူး။ နောက်ပြီးတော့ ကလေး နို့တိုက်နေတဲ့အချိန်မှာလည်း ကွမ်းယာကို လုံးဝ မစားသင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာကွမ်းစားရင် ဒီအင်န်အေ (DNA) ထိခိုက်မှုဖြစ်တတ်ပါတယ်။ဒါကြောင့် သန္ဓေသားကို ထိခိုက်စေတဲ့အတွက်ကိုယ်ဝန်ဆောင်ချိန်မှာကွမ်းကို လုံးဝမစားသင့်ပါဘူး။

ကွမ်းရွက်ကလည်း သူ့ချည်းပဲဆိုရင် ပိုးသေစေတဲ့ အစွမ်းရှိပြီး ကွမ်းသီးကလည်း သူ့သဘာဝအတိုင်းဆိုရင် ဦးနှောက်ကိုတောင် လှုံ့ဆော်ပေးပါတယ်။ဒါပေမဲ့ ကွမ်းယာထဲမှာ ပြုပြင်ထားတဲ့ ကွမ်းသီးထည့်ပြီး ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးနဲ့ တခြား ဆေးတွေနဲ့ စားရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ။် ဆးီ ချေို ရာဂါ၊ သေးွတုးိ ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ စတဲ့ Metabolic syndrome တွေ ဖြစ်နိုင်ခြေကိုလည်း ပိုများစေပါတယ်။ အရင်ကကွမ်းယာစားတာနဲ့ ဒီရောဂါတွေ ဆက်စပ်မှုကို မသိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ တွေ့ရှိတယ်လို့ တိရစ္ဆာန်တွေကိုလေ့လာထားတဲ့ လေ့လာမှုတချို့က ဆိုထားပါတယ်။

ကွမ်းစားရင် အရင်ဆုံး ဖြစ်တတ်တာက သွားတွေ ညစ်ပတ်ပါတယ်။ ကွမ်းတွေကို ဟိုနေရာ၊ ဒီနေရာ ထွေးရင် ပတ်ဝန်းကျင်လည်း ညစ်ပတ်ပါတယ်။ကွမ်းစားတာကြောင့် ဆီးကျောက်တည်တာ တော့ဖြစ်နိုင်ပါတယ်။ ကွမ်းစားတဲ့ သူတွေဆိုရင် ပါဝင်တဲ့ ဆေးတွေကြောင့် ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။
ကွမ်းရွက်တစ်မျိုးတည်း ဆိုရင် ပြဿနာမရှိပါဘူး။ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီးနဲ့ တခြား ဆေးတွေပါတဲ့အတွက် ကယ်လ်ဆီယမ်ကာဗွန်နိတ် ရရှိစေပြီး ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

ကွမ်းစားတဲ့ကာလနဲ့ စားတဲ့ပမာဏပေါ် မူတည်ပြီး ကျန်းမာရေးထိခိုက်မှုက ကွဲပြားသွားပါတယ်။တစ်ရက်ကို လူတစ်ယောက်ကဘယ်လောက်ပမာဏစားသလဲ၊ တစ်နေ့ ကွမ်းတစ်ယာပဲ စားတယ်ဆိုရင်အဲဒီလောက်အထိ ကျန်းမာရေး ထိခိုက်မှု မရှိပေမယ့်အများကြီးစားတယ်၊ ကြာကြာဝါးတယ်ဆိုရင် ပါးစပ်၊လည်ချောင်း၊ အစာရေမျိုပြွန် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် ကိုယ်ဝန်ရှိစဉ်နဲ့ မိခင်နို့ချိုတိုက်ကျွေးစဉ်မှာ ကွမ်းယာကို လုံးဝမစားသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top