Healthy Life Ad
Life Style

ဖယောင်းပွတ်ထားသည့် သွားပွတ်ကြိုးက အကောင်းဆုံး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သွားနှင့်ခံတွင်း သန့်ရှင်းစင်ကြယ်ရေးအတွက် သွားပွတ်ကြိုးသုံးရာတွင် ဖယောင်းပွတ်ထားသည့် အမျိုးအစားက အကောင်းဆုံးဖြစ်ကြောင်း မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးကိုကိုမောင်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“သွားပွတ်ကြိုးအနေနဲ့ ဘာမှမရှိရင်တောင် ရိုးရိုး အပ်ချည်ကြိုးကို သုံးလို့ရပါတယ်။ သွားပွတ်ကြိုးဆိုတာကျတော့ ဖယောင်းလေးတွေ သုတ်ထားပေးပါတယ်။ ဖယောင်းပါတဲ့အတွက် ချောချောမောမောရှိပါတယ်။ သွားပွတ်ကြိုးက သေချာကျစ်ထားတဲ့အတွက် သွားကြားထဲကို ထိုးသွင်းတဲ့အခါ ခိုင်ခိုင်ခံ့ခံ့လုပ်လို့ ရပါတယ်။ အပ်ချည်ကြိုးကျတော့ မခိုင်ခံ့ပါဘူး။ ကြိုးပြတ်သွားတာ ဖြစ်တတ်ပါတယ်။ သွားပွတ်ကြိုးကတော့ လွယ်လွယ်ကူကူ ပြတ်ထွက်တာမျိုး မဖြစ်တတ်ပါဘူး။ သွားပွတ်ကြိုးဆိုရင် ဖယောင်းပွတ်ထားတဲ့ သွားပွတ်ကြိုးက အကောင်းဆုံးပါပဲ” ဟု ပါမောက္ခဦးကိုကိုမောင်က ဆိုသည်။

ဈေးကွက်ထဲတွင် ရိုးရိုးသွားပွတ်ကြိုးအပြင် ဖလိုရိုက်ပါသည့် သွားပွတ်ကြိုးများကိုလည်း တွေ့ရလေ့ရှိရာ ထိုအကြောင်းနှင့် ပတ်သက်၍-

“ဖလိုရိုက်ပါတဲ့ သွားပွတ်ကြိုးဆိုတာကတော့ ဒီလောက်ကြီး အသုံးမကျပါဘူး။ ဒါက ရောင်းကောင်းအောင် မျိုးစုံလုပ်ကြတာပါ။ ဖလိုရိုက်ပါတဲ့ သွားပွတ်ကြိုးသုံးတာ၊ မသုံးတာထက် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးသုံးတာက ပိုပြီးထိရောက်ပါတယ်။ ဖလိုရိုက်က သွားနဲ့ကြာကြာထိတွေ့နေမှ အာနိသင်ရှိတာပါ။ ဖလိုရိုက်က သွားနဲ့ခဏလေးပဲ ထိတွေ့နေတယ်ဆိုရင် အာနိသင်မရှိပါဘူး။ သွားနဲ့ ဖလိုရိုက်ထိတွေ့ချိန်ကို သူ့အချိန်နဲ့ သူယူရပါတယ်။ သွားတိုက်တာကလည်း ခဏလေးပဲဆိုရင် သွားမှာဘာမှအာနိသင် မရပါဘူး”ဟု ပါမောက္ခဦးကိုကိုမောင်က ဆိုသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top