Healthy Life Ad
Q & A

ဆီးချိုရှိ၊ မရှိ သိချင်လို့ပါ …

မေး။ ။ ကျွန်မအမျိုးသားက အသက် ၅၄ နှစ်ပါ။ ဆီးချိုကို ညနေမှာ စစ်တော့ ၁၉၉၊ ည ၁၀နာရီ နောက်ပိုင်း အစာမစားဘဲ မနက် ၈ နာရီမှာစစ်ကြည့်တော့ ၁၀၅ ရှိပါတယ်။ ဆီးချိုရှိ၊ မရှိသိချင်ပါတယ်။

နွယ်နီ (FB)

ပါမောက္ခဦးကိုကို (ဆီးချိုသွေးချိုရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ည ၁၀နာရီနောက်ပိုင်း အစာမစားဘဲ မနက် အစောကြီး စစ်တဲ့ သွေးတွင်း သကြားဓာတ်က ၁၂၆ မကျော်ရပါဘူး။ ကြိုက်တဲ့အချိန်မှာ စစ်ရင် ၂၀ဝ မကျော်ရပါဘူး၊ ဒါဆိုရင် ဆီးချိုရောဂါ မရှိပါဘူး။ သေချာချင်ရင် A1c စစ်ကြည့်ပါ၊ အဲဒါ ၆ ဒသမ ၅ မကျော်ရင် ဆီးချိုရောဂါ မရှိပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top