Healthy Life Ad
Health Tips

သင့်ကျန်းမာရေးအတွက် ရောင်စုံစားပါ

strong>အနီရောင်
အနီရောင်အစာက နှလုံးကျန်းမာပြီး သွေးကျန်းမာရေး ကောင်းမွန်စေပါတယ်။ အနီရောင် အစာတွေက စတော်ဘယ်ရီသီး၊ ပန်းသီးစတာတွေ ဖြစ်ကြပါတယ်။

လိမ္မော်ရောင်
လိမ္မော်ရောင်အစာက ဗီတာမင်စီပါဝင်မှုများပြီး ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ လိမ္မော်ရောင်အစာတွေက လိမ္မော်သီး၊ မုန်လာဥနီ စတာတွေ ဖြစ်ကြပါတယ်။

အဝါရောင်
အဝါရောင်အစာက အသားအရေ ပျော့ပျောင်း သန်စွမ်းမှုကို အားပေးပါတယ်။ အဝါရောင်အစာတွေက သရက်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး စတာတွေ ဖြစ်ကြပါတယ်။

အစိမ်းရောင်
အစိမ်းရောင်အစာက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ အစိမ်းရောင် အစာတွေက ကီဝီသီး ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက် စတာတွေ ဖြစ်ကြပါတယ်။

ခရမ်းရောင်
ခရမ်းရောင်အစာက အသက်ရှည်စေပါတယ်။ ခရမ်းရောင်အစာတွေက စပျစ်သီး၊ ခရမ်းသီးစတာတွေဖြစ် ကြပါတယ်။

အဖြူရောင်
အဖြူရောင်အစာက ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်။ အဖြူရောင်အစာတွေက ကြက်သွန်နီ၊ မှို၊ ပန်းဂေါ်ဖီပွင့် စတာတွေ ဖြစ်ကြပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top