Healthy Life Ad
Q & A

ကလေးဝမ်းပျက်ဝမ်းလျှောဖြစ်ချိန် ကျွေးသင့်သော အစာ . . .

မေး။ ။ ကျွန်မကလေးက အသက် နှစ်နှစ်ပါ။ ကလေး ဝမ်းပျက်ဝမ်းလျှော ခဏခဏ ဖြစ်တတ်ပါတယ်။ အဲဒီလို ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်မှာ ဘယ်လိုအစား အသောက်တွေကို ကျွေးသင့်ပါသလဲရှင့်။

လွင်လွင်အေး၊ ဒေါပုံ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှဖြေကြားပေးပါသည်။

ဖြေ။ ။ အသက် နှစ်နှစ်အရွယ် ကလေး ဝမ်းပျက်ဝမ်းလျှော မကြာခဏ ဖြစ်တာက သူရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကောင်းတဲ့ ဘက်တီးရီးယား (Probiotics) တွေ သိပ်မရှိလို့ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကလေးကို ဒိန်ချဉ်တိုက်ရပါမယ်။ ပြီးတော့ ဆေးအနေနဲ့ Probiotics ပါတဲ့ Kidlaz ဆေးကို မနက်တစ်ထုပ်၊ ညတစ်ထုပ် ငါးရက်လောက် တိုက်ထားလိုက်ပါ။

အဲဒီလို တိုက်ထားလိုက်ရင် ကလေးအတော်များများ အဆင်ပြေသွားပါတယ်။ ပြီးတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်သန့်ရှင်းရေး ထိန်းသိမ်းဖို့ လိုအပ်ပြီး အစားအသောက်တွေရဲ့ သန့်ရှင်း ရေးကိုလည်း အလေးထားရပါမယ်။ အသက် နှစ်နှစ် အရွယ် ကလေးတွေက များသောအားဖြင့် ဆော့ကစားတတ်တဲ့အရွယ် ဖြစ်တာကြောင့် သူတို့ လက်ကို မကြာခဏဆေးပေးရပါမယ်။ ပြီးတော့ နှစ်နှစ် ကျော်သွားရင် သန်ချပေးရပါမယ်။ ပြီးတော့ အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်ကို မကြာခဏ တိုက်ပေးရပါမယ်။ ဒါဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top