Healthy Life Ad
Health Tips

ဘယ်အချိန်စားဖို့ အသင့်တော်ဆုံးလဲ . . .

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
ကျန်းမာဖို့နဲ့ ကိုယ်အလေးချိန်ထိန်းနိုင်ဖို့ အစာတွေကို ဘယ်အချိန်မှာ စားတာ သင့်တော်ပြီး ဘယ်အချိန်မှာ မစားသင့်ဘူးဆိုတာ ဖော်ပြပေးလိုက်ပါ တယ်။

ထမင်း
စားရန် အသင့်တော်ဆုံးအချိန်- နေ့လယ်စာ
ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများပါတယ်။ တစ်နေ့တာလုံးအတွက် စွမ်းအင် ပေးစွမ်းနိုင်ပါတယ်။

စားရန် မသင့်တော်ဆုံးအချိန်- ညစာ
ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။

အသား
စားရန် အသင့်တော်ဆုံးအချိန်- နေ့လယ်စာ
သံဓာတ်ပါဝင်မှု အများဆုံးဖြစ်ပြီး နုံးချည့်ညောင်းညာမှု သက်သာစေသလို ရောဂါဝေဒနာဖြစ်နှုန်း လျော့ကျစေပါတယ်။

စားရန် မသင့်တော်ဆုံးအချိန်- ညစာ
အသားစားပြီးရင် အစာကြေဖို့ ၄-၆ နာရီ အချိန်ယူရပါတယ်။ အစာခြေလမ်းကြောင်းစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

လိမ္မော်သီး
စားရန် အသင့်တော်ဆုံးအချိန်- သရေစာ
အစာကြေညက်စေပြီးခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပါတယ်။

စားရန် မသင့်တော်ဆုံးအချိန်- နံနက်စာ
ဗိုက်ထဲ အစာမရှိချိန် စားရင် အစာအိမ်ကို ကမောက်ကမဖြစ်စေပါတယ်။

ခရမ်းချဉ်သီး
စားရန် အသင့်တော်ဆုံးအချိန်- နံနက်စာ
ခရမ်းချဉ်သီးကိုနံနက်စာအဖြစ် စားတာကြောင့် အစာကြေညက်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပါတယ်။

စားရန် မသင့်တော်ဆုံးအချိန်- ညစာ
ခရမ်းချဉ်သီးမှာ ပက်တင်နဲ့ အောက်ဇဲလစ် အက်ဆစ်ပါဝင်တာကြောင့် အစာအိမ်ကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

ဒိန်ချဉ်
စားရန် အသင့်တော်ဆုံးအချိန်- ညစာ
ဒိန်ချဉ်ကို ညစာအဖြစ် စားရင် အစာကြေစေပါတယ်။ ညဉ့်နက်မှ ဗိုက်ဆာရင် ဒိန်ချဉ်က အစားသင့်ဆုံး ဖြစ်ပါတယ်။

စားရန် မသင့်တော်ဆုံးအချိန်- နံနက်စာ
ဗိုက်ထဲ အစာမရှိချိန် ဒိန်ချဉ်စားရင် အက်ဆစ်ဓာတ်လွန်ကဲပြီး အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။

ပန်းသီး
စားရန် အသင့်တော်ဆုံးအချိန်- နံနက်စာ
ပန်းသီးမှာပါတဲ့ ပက်တင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ကျစေပြီး သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့နည်းစေပါတယ်။

စားရန် မသင့်တော်ဆုံးအချိန်- ညစာ
ပန်းသီးမှာပါတဲ့ ပက်တင်က ညဘက်မှာ အစာကြေဖို့ ခက်ခဲပါတယ်။ အစာအိမ်အက်ဆစ်အထွက် တိုးစေပါတယ်။

ငှက်ပျောသီး
စားရန် အသင့်တော်ဆုံးအချိန်- နေ့လယ်စာ
ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပြီး အသားအရေကို ကြည့်ကောင်းစေပါတယ်။

စားရန် မသင့်တော်ဆုံးအချိန်- ညစာ
အစာကြေညက်မှုကို အဟန့်အတားဖြစ်စေပါတယ်။

အာလူး
စားရန် အသင့်တော်ဆုံးအချိန်- နံနက်စာ
အာလူးဟာ သွေးတွင်း ကိုလက်စထရောကို ကျစေပါတယ်။ သတ္တုဓာတ်ပါဝင်မှုများပါတယ်။

စားရန် မသင့်တော်ဆုံးအချိန်- ညစာ
တခြား ဟင်းသီးဟင်းရွက်တွေထက် ကယ်လိုရီပါဝင်မှု ပိုများပါတယ်။ ညစာအဖြစ် စားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top