Healthy Life Ad
Humour

နားလည်မှုအပြည့်ရှိသူ

ဒေါက်တာတစ်ယောက်နဲ့ပြရန်အတွက် ဆေးခန်းတစ်ခုသို့ လူနာက ဖုန်းဖြင့် ကြိုတင်စာရင်းလှမ်းသွင်း လေသည်။

“ ကျွန်တော် ဆရာနဲ့ပြချင်လို့ ကြိုတင်စာရင်းပေးတာပါခင်ဗျာ”

“ ဟုတ်ကဲ့ပါရှင်. . . ဆရာနဲ့ပြဖို့ စာရင်းပေးတဲ့သူများနေလို့ နောက်နှစ်ပတ်လောက်နေမှပဲပြလို့ အဆင်ပြေပါလိမ့်မယ်ရှင်”

“ ဗျာ. . . ဒီလောက်အချိန်ကြာရင် ကျွန်တော်သေသွားနိုင်တယ်ဗျ”

“ ကိစ္စမရှိပါဘူး . . . အဲဒီအခါ အန်ကယ့်အမျိုးသမီးကို ဖုန်းဆက်ခိုင်းပြီး စာရင်းသွင်းထားတာကို ပယ်ပေးဖို့ ပြောခိုင်းထားလိုက်ပါ. . . ကျွန်မတို့ နားလည်ပေးနိုင်ပါတယ်ရှင်”

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top