Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင် ကလေးမွေးပြီးချိန် စားသင့်၊ မစားသင့်သည့် အစာအာဟာရ

၊ ငွေကြယ်စင်ယံ ၊

ကလေးမွေးပြီးစ မိခင်တွေအနေနဲ့ မိခင်နို့ချိုတိုက်ကျွေးနေချိန်မှာ ကိုယ်ဘာစားသင့်ပြီး ဘာကိုရှောင်သင့်တယ်ဆိုတာ သိနားလည်ထားသင့်ပါတယ်။

စားသင့်သည့် အစာအာဟာရ

– ရေ
ရေ၊ စွပ်ပြုတ်နဲ့လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို များများသောက်ပေးပါ။

– အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကလေးမွေးပြီးချိန်မှာ သန်စွမ်းမှုကို ပြန်လည်ရရှိစေပါတယ်။

– ပရိုတင်းပါသည့် အစာ
ကလေးမွေးပြီးချိန်မှာ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ အခွံမာစေ့တွေလို ပရိုတင်းဓာတ်ပါတဲ့ အစာတွေကို များများစားပေးသင့်ပါတယ်။

– နို့နှင့် နို့ထွက်ပစ္စည်းများ
အမျိုးသမီးအများစုဟာ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲစတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ကလေးမွေးပြီးချိန်မှာ အထူးလိုအပ်နေပါတယ်။

– ကာဗိုဟိုက်ဒရိတ်နှင့် သကြား
မိခင်နို့ချိုတိုက်ကျွေးချိန်မှာ နေ့တိုင်း အနည်းဆုံး ၃၀ဝ-၄၀ဝ ကယ်လိုရီလိုအပ်ပါတယ်။

– အခွံမာစေ့
ကိုယ်ဝန်ဆောင်ပြီးချိန်မှာ အခွံမာစေ့၊ သစ်သီးခြောက်တွေကို စားသင့်ပါတယ်။

ရှောင်သင့်သည့် အစာအာဟာရ

– အပူအစပ် အစာများ
ကလေးမွေးပြီးချိန်မှာ အပူအစပ်အစာတွေကို ရှောင်သင့်ပါတယ်။

– အဆီများသည့် အစာများ
အဆီများတဲ့ အစာတွေများများစားရင် ခန္ဓာကိုယ်ထဲမှာ အဆီတွေသိုလှောင်မှုများပါတယ်။

– ဆေးလိပ်၊ အရက်နှင့် ကော်ဖီ
အယ်လ်ကိုဟောနဲ့ နီကိုတင်း စတာတွေကိုရှောင်ပါ။ ကော်ဖီကို အလွန်အမင်း မသောက်ပါနဲ့။

– ဂတ်စ်နှင့် အက်ဆစ်ထွက်ရှိသည့် အစာများ
ကလေးမွေးပြီးချိန်မှာ လေထ၊ လေပွစေတဲ့ အစားအသောက်တွေကို သတိပြုရှောင်ကြဉ်သင့်ပါတယ်။

– ဆေးဝါးများ
ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top