Healthy Life Ad
Health Tips

အမျိုးသား ရင်သားကြီးခြင်းကို ဘယ်လိုလျှော့ချရမလဲ . . .

၊ ကိုထက် ၊

အမျိုးသား ရင်သားကြီးတာကို Gynaecomasia လို့ ခေါ်ပြီး ဒါက တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းမမျှတလို့ ဖြစ်ရတာပါ။ ကလေးတွေ၊ လူပျိုဖော်ဝင်စအရွယ်နဲ့ သက်ကြီးအမျိုးသားတချို့မှာ ရင်သားကြီးတာကိုတွေ့နိုင်တယ်လို့ Mayo Clinic ရဲ့ လေ့လာမှုအရ သိရပါတယ်။ ဒါပေမဲ့ ဒီလိုအမျိုးသားတွေမှာ ရင်သားကြီးတာက ပုံမှန်ဟော်မုန်းပြောင်းလဲမှုသာဖြစ်ပြီး ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။ ရင်သားတစ်သျှူးရောင်ရမ်းတဲ့အတွက် အမျိုးသားတွေက ရင်သားမှာနာကျင်တာနဲ့ တောင့်တင်းတာတို့ ဖြစ်တတ်ပါတယ်။

– အာဟာရ
ကောင်းမွန်မျှတတဲ့ အစားအသောက် စားတာကြောင့် ရင်သားကအဆီတွေကို လျော့ကျစေပါတယ်။ အဆီထုတ်လုပ်မှုကို ကာကွယ်နိုင်ဖို့ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီစားသုံးမှုကို လျှော့ချဖို့လိုပါတယ်။ ကြွက်သားသန် စွမ်းကြီးထွားဖို့ ပရိုတင်းဓာတ်ကို များများစားပေးသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစာတွေက ထမင်း၊ အာလူး၊ ခေါက်ဆွဲနဲ့ ပေါင်မုန့်တွေဖြစ်ပြီး ပရိုတင်းဓာတ် အကောင်းဆုံးပါဝင်တဲ့ အစာတွေက ကြက်သား၊ ငါး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ အခွံမာသီးနဲ့ နွားနို့တို့ဖြစ်ကြပါတယ်။

– ရင်ဘတ်ပိုင်း လေ့ကျင့်ခန်းများ
ရင်အုပ်ပိုင်းကြွက်သားတွေ သန်စွမ်းစေမယ့် လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်ပေးရင် ရင်သားကြီးတာကို လျော့ကျစေပါတယ်။

– လက်ထောက်မှောက် လေ့ကျင့်ခန်း
ရင်ဘတ်အဆီလျော့ကျစေဖို့ ရိုးစင်းတဲ့လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ လက်ထောက်မှောက်လေ့ကျင့်ခန်းကို တစ်ကြိမ်မှာ ၈-၁၂ ကြိမ်လုပ်ပြီး တစ်နေ့မှာ သုံးကြိမ်လောက် ပြုလုပ်ပေးသင့်ပါတယ်။

– ဆေးဝါး
အာဟာရကောင်းကောင်းမှီဝဲပြီး ရင်ဘတ်လေ့ကျင့်ခန်းတွေလုပ်ဆောင်ပေမယ့် ရင်ဘတ်အဆီကို မလျှော့ချနိုင်ရင် အီစထရိုဂျင်ဟော်မုန်း မြင့်တက်မှုကိုလျှော့ချမယ့် ဆေးတချို့ကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။

– ခွဲစိတ်ကုသမှု
မျှတတဲ့ အစားအသောက်စားတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဆေးဝါးမှီဝဲတာတွေ လုပ်ဆောင်ပေမယ့် ရင်သားကြီးတာကို မထိန်းချုပ်နိုင်ရင် ရင်သားတစ်သျှူးအပိုတွေကို ဖယ်ရှားနိုင်ဖို့ ခွဲစိတ်ကုသမှု ခံယူနိုင်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top