Healthy Life Ad
Health Tips

သင့်ကလေးသွားကိုက်သည့်အခါ သက်သာအောင် မိဘတို့ လုပ်ပေးနိုင်မည့် အိမ်တွင်းနည်းလမ်းများ

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)

ကလေးငယ်တွေ သွားကိုက်တဲ့အခါ မိဘတွေအနေနဲ့ အိမ်မှာကလေးငယ်ရဲ့ သွားကိုက်ဝေဒနာသက်သာစေဖို့ လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

သွားပေါက်ရှိ၊ မရှိ ကြည့်ပါ
ကလေးသွားကိုက်တဲ့အချိန်မှာ အရင်ဆုံးသွားမှာ အပေါက်ရှိသလားဆိုတာကြည့် ရပါမယ်။ သွားမှာ အပေါက်ရှိတယ်ဆိုရင် အစာရှိသလားဆိုတာ ဆက်ကြည့်ရပါမယ်။

သွားပေါက်ထဲက အစာကို ထုတ်ယူပါ
သွားပေါက်ထဲမှာ အစာတွေ ဝင်နေတယ်ဆိုရင် ရေလေးနဲ့ထိုးပြီး ဆေးပေးရပါမယ်။ ရေနဲ့ထိုးပြီး ဆေးဖို့ အိမ်မှာ လက်နဲ့ ညှစ်တဲ့ ရေပန်း (Hand Pump)ရှိရင် အဲဒါနဲ့ ထိုးပြီး ဆေးလို့ရပါတယ်။ ဒါမှမဟုတ်ရင် ရေချိုးတဲ့အခါ သုံးတဲ့ ရေပန်းနဲ့သွားထဲထိုးပြီး ဆေးပေးရပါမယ်။ အပင်ရေလောင်းတဲ့ Pump နဲ့လည်း ထိုးပြီး ဆေးပေးလို့ရပါတယ်။ ဘာမှမရှိဘူးဆိုရင် အိမ်မှာ ဆေးထိုးပိုက်ရှိတဲ့အခါ အဲဒါနဲ့ထိုးပြီး ထုတ်လို့ရပါတယ်။ ဘာမှ မရှိဘူးဆိုရင် အဲဒီသွားပေါက်ထဲက အစာထွက်ဖို့အတွက် ပလုတ်ကျင်းခိုင်းရပါမယ်။

သွားပွတ်တံသုံးပါ
သွားပွတ်တံလေးနဲ့ဖယ်နိုင်ရင် ဖယ်ထုတ်ရပါမယ်။ ဒီလိုလုပ်တာတောင် ရှိနေတုန်းပဲဆိုရင် နားကျပ်တဲ့ ဂွမ်းတံ( Sar Bud )လေးနဲ့ အသာလေးကော်ထုတ်ပေးရပါမယ်။ သွားပေါက်ထဲမှာ အစာမရှိတော့ဘူးဆိုရင် အနာက သက်သာသွားပါလိမ့်မယ်။

ပရုတ်ဆီတို့ပါ
ကလေး သွားကိုက်တာက အိမ်မှာ အရေးပေါ်ဖြစ်နေတယ်ဆိုရင် ပရုတ်ဆီလေးကို ဂွမ်းစလေးမှာ တို့တယ်ဆိုရုံလေးတို့ပြီး အစာထုတ်ထားတဲ့ သွားပေါက်ထဲ အသာလေး ထည့်ပေးရပါမယ်။ ပြီးရင် ဂွမ်းကို ပိတ်မထားဘဲ ပြန်ဖွင့်ပေးရပါမယ်။ ဒါဆိုရင် ကလေးသွားကိုက်တာ သက်သာသွားပါလိမ့်မယ်။

ပါရာစီတမော တိုက်ပါ
ဒီနည်းလမ်းတွေ ဘာကိုမှ မလုပ်ချင်ဘူးဆိုရင် ပါရာစီတမောဆေးကို ကလေးရဲ့ အသက်အရွယ်ပေါ်မှာ မူတည်ပြီး တိုက်ပေးရပါမယ်။ ကလေးက အသက်သိပ်ငယ်ရင် လေးပုံတစ်ပုံ၊ အသက်နည်းနည်းကြီးလာရင် တစ်ခြမ်းစသဖြင့် တိုက်ပေးရပါမယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top