Healthy Life Ad
Health Tips

၀ါတွင်းကာလ သက်သတ်လွတ် စားမည့်သူများ အာဟာရ ပြည့်ဝစေရန်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး

ဝါတွင်းကာလ သက်သတ်လွတ်စားမယ်ဆိုရင် အာဟာရဓာတ်ပြည့်ဝနေအောင် အဓိကအနေနဲ့ ပဲအမျိုးမျိုး၊ တိုဟူး၊ အာလူး၊ အရွက် မျိုးစုံစားဖို့လိုပါတယ်။ ဒါဆိုရင် အသားမစားလည်း ပရိုတင်းဓာတ် ရရှိပါတယ်။

သက်သတ်လွတ်စားသူတွေထဲမှာ အသက် ၂၅ နှစ်အောက်ဆိုရင် ကြွက်သားသန်စွမ်းဖို့အတွက် အသားစားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အသက် ၂၅ နှစ်ကျော်သွားတဲ့ သူတွေအတွက်တော့ ကြွက်သားသန်စွမ်းဖို့ဆိုပြီး အသားစားဖို့ မလိုပါဘူး။ ပဲအမျိုးမျိုး၊ တိုဟူး၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ နွားနို့ ဒါမှမဟုတ် ပဲနို့စတာတွေ စားသောက်ပေးရုံနဲ့ အာဟာရဓာတ်လုံလောက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top