Healthy Life Ad
Local

ဒေါက်တာထိန်အခမဲ့ဆေးခန်းသို့ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဖုန်းဆက်ဆွေးနွေး တိုင်ပင်နိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဒေါက်တာထိန်အခမဲ့ဆေးခန်းသို့ မတ်လမှ စတင်ကာ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဖုန်းဆက်ဆွေးနွေးတိုင်ပင်နိုင်ပြီဖြစ်ကြောင်း အဆိုပါဆေးခန်းမှ ဒေါက်တာထိန်ဝင်းက Healthy life ဂျာနယ်သို့ ပြောသည်။

“တနင်္လာနေ့မှ စနေနေ့အထိ (မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ)ကို ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးခန်းကို ဖုန်းဆက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ကျွန်တော်တို့ ဆရာဝန် ၈ ဦးက အခမဲ့ ဝန်ဆောင်မှုပေးမှာပါ။ ကျန်းမာရေး အသိပညာ တိုးတက်စေဖို့ ရည်ရွယ်ထားတာဖြစ်လို့ ဖုန်းနဲ့တော့ ဆေးမကုပါဘူး”ဟု ဒေါက်တာထိန်ဝင်းကဆိုသည်။

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဖုန်းဆက် ဆွေးနွေးတိုင်ပင်လိုသူများသည် ဆေးခန်းဖုန်းနံပါတ်များ ဖြစ်ကြသည့် ဝ၉ ၂၆၄၀ဝ၀၂၂၁၊ ဝ၉ ၂၆၄၀ဝ၀၂၂၃၊ ဝ၉ ၂၆၄၀ဝ၀၂၂၄၊ ဝ၉ ၂၆၄၀ဝ၀၂၂၅၊ ဝ၉ ၂၆၄၀ဝ၀၂၂၆၊ ဝ၉ ၂၆၄၀ဝ၀၂၂၇၊ ဝ၉ ၂၆၄၀ဝ၀၂၂၈၊ ဝ၉ ၂၆၄၀ဝ၀၂၂၉ စသည့် ဖုန်းရှစ်လုံးသို့ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ (မနက် ၈ နာရီမှ ညနေ ၆ နာရီထိ)ကို ဖုန်းဆက်ဆွေးနွေးတိုင်ပင်နိုင်ကြောင်း သိရသည်။

“ဆေးခန်းမှာ မတ်လက စပြီး တိုးချဲ့တဲ့အနေနဲ့ ဒူးနာ၊ ခါးနာ၊ လည်ပင်းကျီးပေါင်းတက်ဝေဒနာရှင်တွေ၊ လေဖြတ်ပြီး ပြန်လည်သန်စွမ်းအောင် လေ့ကျင့်လိုသူတွေ၊ ကလေးဉာဏ်ရည်နိမ့်(သူငယ်နာအကြောတင်း –Cerebral palsy ) လူနာတွေကို တစ်ပတ် ၄ ရက် Physiotherapy ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ Facebook Page ( www.facebook.com/drhteinclinic)ကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးမြန်းလာရင်လည်း ကျွန်တော်တို့ ဖြေပေးသွားမှာပါ”ဟု ဒေါက်တာထိန်ဝင်းကဆိုသည်။

ဒေါက်တာထိန်အခမဲ့ဆေးခန်း (Dr.Htein’s Clinic)သည် နေ့စဉ် လူနာ ၈၀ဦးကို ဆရာဝန် ၃ ယောက်မှ ၅ ယောက်ဖြင့် အခမဲ့ကုသကာ Nun-communicable disease ဟုခေါ်သည့် နာတာရှည် မကူးစက်နိုင်သောရောဂါရှင်များကို ဆေးနှစ်ပတ်စာ အခမဲ့ပေးကာ ကုသပေးလျက်ရှိကြောင်း၊ ထို့ပြင် တနင်္လာနေ့တိုင်း အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို ၂၅ ဦးစီ ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် တနင်္ဂနွေနေ့တွင် ပုံမှန်ဆေးကုသခြင်းအပြင် ဆေးခန်း(၁)၌လိုအပ်သောလူနာများကို Ultrasound ရိုက် ၍စစ်ဆေးမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top