Healthy Life Ad
Health Tips

ခန္ဓာကိုယ်အကျိုးပြု သဘာဝအစာများ


– သခွားသီး
သခွားသီးစားတာကြောင့် ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကင်းစင်စေပါတယ်။


– ဂေါ်ဖီထုပ်
ခရမ်းရောင်ဂေါ်ဖီထုပ်စားတာကြောင့် ကိုယ်တွင်းအဆီကို လျော့ပါးစေပါတယ်။


– ဖရဲသီး
ဖရဲသီးစားတာကြောင့် အရေပြားနဲ့ လက်သည်းကို စိုပြည်စေပါတယ်။


– ချယ်ရီသီး
ချယ်ရီသီးစားတာကြောင့် နှလုံးနဲ့ သွေးကြောစနစ်ကို ကျန်းမာစေပါတယ်။


– ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးတွေ စားတာကြောင့် သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပါတယ်။


– ရှောက်သီး
ရှောက်သီးစားတာကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။


– သံပရိုသီး
သံပရိုသီးက အသည်းကိုသန့်စင်စေပါတယ်။


– ပန်းဂေါ်ဖီပွင့်
ပန်းဂေါ်ဖီပွင့်စားတာကြောင့် ပန်းနာရင်ကျပ်ဝေဒနာသက်သာပြီး ကျောက်ကပ်ထိခိုက်မှုတွေကို တွန်းလှန်ပေးပါတယ်။


– နာနတ်သီး
နာနတ်သီးက အဆီတွေကို လောင်ကျွမ်းစေပြီး ဝမ်းဗိုက်ချပ်ရပ်စေပါတယ်။


– ကန်စွန်းဥ
ကန်စွန်းဥစားတာကြောင့် အစာခြေလမ်းကြောင်း စနစ်ဝေဒနာတွေကို သက်သာစေပါတယ်။


– ပန်းသီး
ပန်းသီးစားတာကြောင့် စိတ်ကျရောဂါမဖြစ်အောင်ကာကွယ်ပြီး ပူပင်သောကကို လျော့ပါးစေပါတယ်။


– လိမ္မော်သီး
လိမ္မော်သီးစားတာကြောင့် နှာခေါင်းပိတ်တာနဲ့ တခြားအသက်ရှူလမ်းကြောင်း ဝေဒနာတွေမရအောင် ကာကွယ်ပေးပါတယ်။


– ငှက်ပျောသီး
ငှက်ပျောသီးမှာ အစွမ်းထက် ဗိုင်းရပ်စ်တား အာနိသင်ရှိပါတယ်။


– ပင်စိမ်း
ပင်စိမ်းစားတာကြောင့် အဆစ်ရောင်ရမ်းမှုကို လျော့ကျစေပြီး ကြွက်သားတွေကို ပျော့ပျောင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top