Healthy Life Ad
Q & A

လေဆာရောင်ခြည်သုံးပြီး သွားဖာခြင်းနှင့် ရိုးရိုးသွားဖာခြင်း

မေး. သွားဆရာဝန်တစ်ဦးက သွားတစ်ချောင်းကိုဖာတဲ့အခါ လေဆာရောင်ခြည်နဲ့ ဖာတာရှိသလို ရိုးရိုးဖာတာလည်းရှိတယ်လို့ သိရပါတယ်။ ဘာကိုကြည့်ပြီး သွားဖာတာပါလဲ၊ လေဆာနဲ့ သွားဖာတာနဲ့ ရိုးရိုးသွားဖာတာ ဘယ်လိုကွဲပြားခြားနားပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာဟန်ကျော်မိုး သွားနှင့်ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်မှ ဖြေကြားပေးပါသည်။

ဖြေ. သွားဖာတဲ့အခါ အသုံးပြုတဲ့ ပစ္စည်းအများအပြားရှိပါတယ်။ လေဆာရောင်ခြည်နဲ့ သွားဖာတယ်ဆိုတာ ကွန်ပိုစစ် (Composite) ဆိုတဲ့ သွားအရာနဲ့တူတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး ရောင်ခြည် (Visible Light) သုံးပြီး သွားဖာရပါတယ်။ ကိုယ်ရဲ့ မူလသွားအရောင်အတိုင်း ရွေးချယ်ဖာထေးနိုင်တဲ့အတွက် ပြုံးတဲ့အခါ အလှအပအတွက် အရေးကြီးတဲ့ ရှေ့သွားတွေမှာ ဖာသင့်ပါတယ်။ သွားဖာရတာ အချိန်ပိုပေးရတတ်ပြီး ကုန်ကျစရိတ်လည်း ပိုပါတယ်။ အနည်းဆုံး ငါးနှစ်ကနေ ၁၀ နှစ်လောက် ခံနိုင်ပါတယ်။

အံသွားတွေဆိုရင် Amalgam လို့ခေါ်တဲ့ ငွေရောင်သတ္တုအမျိုးအစားနဲ့လည်း သွားဖာတတ်ကြပါတယ်။ ကြိတ်ဝါးမှုအားကို ပိုပြီးခံနိုင်ရည်ရှိပါတယ်။ လေဆာနဲ့ သွားဖာတာထက် ကုန်ကျစရိတ်သက်သာပြီး ခိုင်ခံ့မှုလည်း ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ရှိပါတယ်။ ဒါပေမဲ့ သွားဖာတဲ့အခါ သွားကို ပိုပြီးတိုက်စားရပါတယ်။ သတ္တုရောင်ဖြစ်လို့ သွားကိုအရောင်ညစ်စေပြီး အလှနည်းစေပါတယ်။ အပူအအေးထိတွေ့တဲ့အခါ တခြားသွားပစ္စည်းတွေထက် ပိုကြုံ့စေ၊ ဆန့်စေလို့ သွားကို အက်ကွဲမှုပိုစေပါတယ်။ ၁ ရာခိုင်နှုန်းလောက်က သတ္တုနဲ့ ဓာတ်မတည့်တာ ဖြစ်တတ်ပါတယ်။

နောက်ထပ် ရှေ့သွားတွေမှာ အများဆုံးအသုံးပြုပြီး နောက်သွားတွေမှာလည်း အသုံးပြုနိုင်တဲ့ glass ionomer ဆိုတဲ့ပစ္စည်းလည်း ရှိပါတယ်။ ပင်ကိုမူလသွားအရောင်နဲ့တူညီတဲ့အတွက် သွားဖာထားမှန်း မသိသာပါဘူး။

Most Popular

Healthy Life Ad
To Top