Healthy Life Ad
Q & A

ရင်သားကင်ဆာမျိုးရိုး ရှိသူများအတွက် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

မေး. ရင်သားကင်ဆာမျိုးရိုးရှိသူ ရင်သားကင်ဆာမဖြစ်အောင် ဘယ်လိုအစားအသောက်တွေကို အဓိကရှောင်ကြဉ်သင့်ပါသလဲ။

ဖြေ. ရင်သားကင်ဆာမျိုးရိုးရှိသူတွေအနေနဲ့ အဆီတွေက ရင်သားကင်ဆာကို အားပေးပါတယ်။ ရင်သားကင်ဆာက အီစထရိုဂျင်ဟော်မုန်းများတာနဲ့ ဆက်စပ်နေတာကြောင့် အဆီများများစားတဲ့သူ၊ ဝက်သားတုတ်ထိုးများများ စားတဲ့သူ၊ ဟင်းအနှစ်များများစားတဲ့သူ . . ခြုံပြောရရင် High Fat Diet စားတဲ့သူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။ ဒါ့အပြင် အဆီများများစားတဲ့သူတွေက အူမကြီးကင် ဆာဖြစ်နိုင်ခြေလည်း များပါတယ်။

အသည်းအဆီဖုံးရောဂါလည်း ဖြစ်နိုင်ခြေများပါတယ်။ အသည်းအဆီဖုံးတာက မကုဘဲထားရင် နှစ်၂၀ကြာတဲ့အခါ အသည်းကင်ဆာအဖြစ်ပြောင်းလဲ ဖြစ်ပေါ်နိုင်ပါတယ်။ ကိုယ့်ဆွေမျိုးထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူရှိတယ်ဆိုရင် အတတ်နိုင်ဆုံး အဆီတွေကိုမစားသင့်ပါဘူး။ ဝက်သားဆိုရင်လည်း အဆီမစားပါနဲ့၊ ဟင်းဆိုရင်လည်း အနှစ်မစားပါနဲ့၊ ဝက်အူချောင်း မစားပါနဲ့၊ ဆိုးဆေးပါတဲ့ အစာတွေကို မစားပါနဲ့။

မေး. ရင်သားကင်ဆာမျိုးရိုးရှိသူ ရင်သားကင်ဆာမဖြစ်အောင် ဘယ်လိုအစားအသောက်တွေ အဓိကစားပေးသင့်ပါသလဲ ဆရာမ။

ဖြေ. အသီးအရွက်ကို တစ်နေ့မှာ ပန်းကန်လုံးလေးနဲ့ ငါးခွက်ရအောင် စားသင့်ပါတယ်။ အသီးကို နှစ်ခွက်(ဥပမာ ပန်းသီး မနက်တစ်လုံး၊ ညတစ်လုံး) စားမယ်ဆိုရင် အရွက်ကို မနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေမှာ တစ်ခွက်စီပါအောင် ထည့်စားသင့်ပါတယ်။ မြန်မာလူမျိုးအများစုက အရွက်ကို တစ်နေ့သုံးခွက်နဲ့ အသီးနှစ်ခွက်ပြည့်အောင် စားတာနည်းပါတယ်။ တကယ်တော့ ပြည့်အောင် စားပေးဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top