Healthy Life Ad
Men

ဆေးသောက်၊ ဆေးထိုးလုပ်ပြီးပေမယ့် သွေးစစ်တိုင်း ကာလသားပိုး တွေ့နေရလို့ပါ . . .

မေး။ ။ကာလသားရောဂါနဲ့ပတ်သတ်ပြီး မေးချင်လို့ပါ။ ဒီရောဂါက ဆေးသောက်၊ ဆေးထိုးပြီး ပျောက်ပေမယ့် သွေးမှာ ပိုးသေတွေ သွေးစစ်တိုင်း တွေ့နေရတယ်လို့သိရပါတယ်။ သွေးထဲမှာပါ သန့်သွားအောင် ကုသလို့ရပါသလား သိချင်လို့ပါ။ ကျေးဇူးပြုပြီးကုသလို့ရမယ့် နည်းလမ်းများရှိရင် လမ်းညွန်ပေးနိုင်မလား ခင်ဗျ။

အောင်ကျော်(FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံရာကနေ ကူးစက်လေ့ရှိတဲ့ ဆစ်ဖလစ်ကာလသားရောဂါဟာ ထိရောက်စွာ ကုသဖို့လိုပြီး မကုသခဲ့ရင် နောက်ဆက်တွဲဆိုးပြစ်တွေ အများကြီးဖြစ်နိုင်ပါတယ်။ မေးခွန်းအရ ဘယ်လိုနည်းနဲ့ သွေးစစ်တယ်၊ ဘယ်လိုကုသမှုယူပြီး ဘယ်လောက်ကြာမှ စစ်တယ်ဆိုတာမပါတဲ့အတွက် ပြောရခက်ပါတယ်၊။ ဆစ်ဖလစ်အတွက် စစ်လေ့ရှိတဲ့ VDRL test လို့ယူဆပါတယ်၊။ ဒီသွေးစစ်မှုမှာ အဖြေအရ Reactive (ပိုးဓာတ်)ရှိလို့ထွက်တိုင်း ဆစ်ဖလစ်ပိုးရှိနေတာ မဟုတ်ပါ။ တခြားအခြေအနေတစ်ခုခု ရှိရင်လည်း Reactive ဖြစ်နိုင်ပါတယ်၊။ဆစ်ဖလစ်ကို သေသေချာချာကုသခဲ့ရင် ရောဂါ အနုအရင့်အလိုက် ၁၂ လကနေ ၂၄ လအတွင်း ပိုးဓာတ် လျော့ကျသွားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top