Healthy Life Ad
International

ဘီယာဗိုက်ထွက်လေလေ ပြင်းထန်သည့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေမြင့်လေလေဟု ဆို

မိုးမင်းထွန်း

အောက်စဖို့ တက္ကသိုလ်မှ သုတေသီတွေဟာ ဥရောပ ၈ နိုင်ငံမှ ပျမ်းမျှအသက် အရွယ် ၅၀ ရှိတဲ့ အမျိုးသား ၁၄၀,ဝ၀ဝ ကျော်ရဲ့၁၄ နှစ်ကြာ ဆေးမှတ်တမ်းတွေကို လေ့လာခဲ့ကြပါတယ်။ ဒီအတောအတွင်း အမျိုးသား ၇,ဝ၀ဝ ဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားခဲ့ပြီး ၉၃၄ ဦးသေဆုံးခဲ့ပါတယ်။

မှတ်တမ်းတွေအရ ခါးအတိုင်းအတာနဲ့ BMI အချိုးအစားတွေက ဆီးကျိတ်ကင်ဆာဖြစ်ပွားတာနဲ့ ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ခါးအတိုင်းအတာ ၄ လက်မတိုးလာတိုင်း ရောဂါဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းရှိပြီး ခါးအတိုင်းအတာ ၃၇ လက်မနဲ့ အထက်ရှိသူတွေဟာ ရောဂါဖြစ်နိုင်ခြေ အမြင့်ဆုံးဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ ထူးခြားတဲ့ ရောဂါအမျိုးအစားဖြစ်ပြီး တချို့အမျိုးသားတွေမှာ နှေးကွေးစွာ ကြီးထွားလေ့ရှိကာ ဘဝတစ်လျှောက်လုံး ရောဂါခံစားရခြင်းမရှိဘဲ နေထိုင်နိုင်ပါတယ်။ တချို့ အမျိုးသားတွေမှာတော့ လျင်မြန်စွာကြီးထွားပြီး အန္တရာယ်ရှိကာ ကုသမှုအမြန်ယူဖို့ လိုအပ်လေ့ရှိပါတယ်။

အမျိုးသားတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် ထိန်းသိမ်းသင့်ကြောင်း လေ့လာသူတွေက တိုက်တွန်းထားပါတယ်။ လေ့လာမှုက အဝလွန်အမျိုးသားတွေမှာ ရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားတာကို မီးမောင်းထိုးပြခဲ့ပါတယ်။
Ref; TT

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top