Healthy Life Ad
Life Style

အသည်းခြောက်ခြင်းနှင့် အစားအသောက်

၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် ၊ (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

– ပရိုတင်း

အသည်းခြောက်သူမှာရေဖျဉ်းစွဲနေပြီး ရေဖျဉ်းထုတ်ရတယ်ဆိုရင် ပရိုတင်းတွေအားလုံးက ပါသွားတဲ့အတွက် အဲဒီအချိန်မှာ ပရိုတင်းဓာတ် များများပါတဲ့ အစာ (High Protein Diet)ကို စားရပါမယ်။ ဒါပေမဲ့ အနီရောင် အသားကို မစားရပါဘူး။ အဖြူရောင် အသားကိုပဲ စားရပါမယ်။ ကြက်ဥ၊ ကြက်သား၊ ငါး စတာတွေကို စားလို့ရပါတယ်။ ရေဖျဉ်းဖောက်တဲ့အချိန်မှာ အယ်လ်ဗျူမင်ဓာတ် ဆုံးရှုံးတာများလို့ ကြက်ဥအကာကျက်ကို တစ်ရက်လေးလုံးလောက် သောက်တာမျိုး လုပ်ရပါတယ်။

– ဆီနှင့် အဆီ

အသည်းခြောက်တဲ့သူတွေမှာ အဓိကအားဖြင့် ဆီလျှော့ရပါမယ်။ အဆီများတဲ့ အစာတွေ လျှော့စားရပါတယ်။

– ကဖင်း

ကဖင်းဓာတ်ကို လျှော့ရပါတယ်။

– အရက်

အရက်ကို လုံးဝသောက်လို့ မရပါဘူး။

အသည်းခြောက်ရောဂါ မဖြစ်စေရန်

အသည်းခြောက်ရောဂါ မဖြစ်အောင် အဓိက ကာကွယ်သင့်တာက အရက်မသောက်ဖို့ပဲ ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးမဝင်အောင် ကာကွယ်ဆေး ထိုးရပါမယ်။ ဘီပိုးမဝင်အောင် ကာကွယ်နေထိုင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top