Healthy Life Ad
Health Tips

ကော်ဖီနှင့် လက်ဖက်ရည် ဘာကို ရွေးချယ်မလဲ . .

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )
နေ့စဉ် မနက်တိုင်း သောက်လေ့ရှိတဲ့ ကော်ဖီနဲ့ လက်ဖက်ရည်မှာ သင့်အနေနဲ့ သင့်တော်ရာ ရွေးချယ်သောက်သုံးနိုင်ဖို့ သူတိုရဲ့ ကောင်းကျိုးအသီးသီးကို ဖော်ပြပေးလိုက်ပါတယ်။

သင်က နိုးကြားတက်ကြွတဲ့ စိတ်ခံစားမှု ရချင်တဲ့အခါ
လက်ဖက်ရည်ထက် ကော်ဖီက ပိုသင့်တော်ပါတယ်။

သင်က ကျန်းကျန်းမာမာ နေချင်တဲ့အခါ
လက်ဖက်ရည်နဲ့ ကော်ဖီကြိုက်တာ ရွေးသောက်ပါ။ ကောင်းကျိုးချင်း အတူတူပါပဲ။

သင်က ကိုယ်အလေးချိန် လျော့ကျဖို့ ကြိုးစားနေတဲ့အခါ
ကော်ဖီထက် လက်ဖက်ရည်က ပိုသင့်တော်ပါတယ်။

သင်က ကြွက်သားသန်စွမ်းအားကောင်းဖို့ ကြိုးစားနေတဲ့အခါ
လက်ဖက်ရည်ထက် ကော်ဖီက ပိုသင့်တော်ပါတယ်။

စိတ်ခံစားမှု ကောင်းမွန်ချင်တဲ့အခါ
ကော်ဖီထက် လက်ဖက်ရည်က ပိုသင့်တော်ပါတယ်။

ကဖင်းဓာတ် ပါဝင်မှု
ကော်ဖီ ရှစ်အောင်စဝင်တစ်ခွက်မှာ ပျမ်းမျှအားဖြင့် ကဖင်းဓာတ် ၉၅ မီလီဂရမ်ပါဝင်ပြီး လက်ဖက်ရည် ရှစ်အောင်စဝင် တစ်ခွက်မှာ ပျမ်းမျှအားဖြင့် ကဖင်းဓာတ် ၁၄-၁၆ မီလီဂရမ်ပါဝင်ပါတယ်။

ကော်ဖီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ကော်ဖီက အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။
ကော်ဖီက အရေပြားကင်ဆာအန္တရာယ်ကို လျော့ကျစေပါတယ်။
လေ့ကျင့်ခန်းလုပ်နေသူတွေမှာ ကော်ဖီက ကြွက်သားထုထည် ပိုမိုရရှိအောင် အားပေးပါတယ်။ ကဖင်းဓာတ်က ကြွက်သားတွေကို လှုံ့ဆော်တဲ့အတွက် လေ့ကျင့်ခန်းလုပ်ချိန် တစ်ချိန်နဲ့တစ်ချိန်ကြား စွမ်းအင် ပိုရှိစေလို့ပဲ ဖြစ်ပါတယ်။
ကော်ဖီက စိတ်ဓာတ်ကျတာ၊ ထိုင်းမှိုင်းလေးလံတာနဲ့ ပျင်းရိငြီးငွေ့တာတွေကို လျော့ပါးစေပါတယ်။

လက်ဖက်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
လက်ဖက်ရည်က ကိုယ်ခံစွမ်းအားစနစ်ကို ပြန်လည်ပြုပြင်ပေးပါတယ်။
လက်ဖက်ရည်က ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။
လက်ဖက်ရည်က အဆီတွေကို လောင်ကျွမ်းစေပါတယ်။
လက်ဖက်စိမ်းလက်ဖက်ရည်ထဲမှာပါတဲ့ ECEG ဓာတ်က အဆီ ဆဲလ်တွေကို ကျုံ့အောင် ကူညီပေးနိုင်ပါတယ်။
လက်ဖက်ရည်က အာရုံကြောတွေကို ငြိမ်သက်အောင် ကူညီပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Ref; HD

Most Popular

Healthy Life Ad
To Top