Healthy Life Ad
Health Tips

အညိုရောင် ချောကလက်အစွမ်း

အညိုရောင်ချောကလက်ကို စူပါအစာလို့ တင်စားကြပြီး နှလုံးကျန်းမာစေတဲ့ အစာအဖြစ် ရေပန်းစားပါတယ်။ နှလုံးကျန်းမာစေတဲ့ အစာ၊ ဦးနှောက်ကျန်းမာစေတဲ့အစာဖြစ်တဲ့ ချောကလက်မှာ အင်တီအောက်ဆီးဒင့် များများပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။

အညိုရောင် ချောကလက်တွင် ပါဝင်သည့် အရာများ

– ဖလေဗနောဓာတ်၊

– သံဓာတ်၊

– ကြေးနီ၊

– မဂ္ဂနိစ်၊

– အမျှင်ဓာတ်၊

– ပရိုတင်းဓာတ်၊

– ကယ်လ်ဆီယမ်။

အညိုရောင်ချောကလက်မှာ အဓိကပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဖလေဗနောပဲ ဖြစ်ပါတယ်။ ဖလေဗနောဓာတ်က သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော (LDL)ကို လျော့ကျစေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေပါတယ်။ သွေးတွင်း သကြားဓာတ်ကိုလည်း ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။

အညိုရောင်ချောကလက်နှင့် ကိုယ်အလေးချိန် လျှော့ချမှု
လတ်တလောတွေ့ရှိမှုတွေအရ အမည်းရောင် ချောကလက်ကို မကြာခဏ စားပေးတာက ကိုယ်အလေးချိန် လျော့ကျမှုနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ အညိုရောင်ချောကလက် စားတာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို သိသိသာသာ အားကောင်းစေပါတယ်။အညိုရောင်ချောကလက်ကို တစ်နေ့မှာ လေးထောင့်တစ်ကွက်စာ ၂ ခုလောက်ပဲ စားဖို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top