Healthy Life Ad
International

ငယ်ရွယ်စဉ် အစားအသောက် မဆင်ခြင်ခဲ့ခြင်းကြောင့် ဆီးချိုရောဂါဖြစ်ခဲ့ဟု အော်စကာဆုရှင် မင်းသားတွမ်ဟန့်စ်ဆို

၊ မိုးမင်းထွန်း ၊

အသက်ငယ်ရွယ်တဲ့အချိန်မှာ အစားအသောက်ကို စနစ်တကျမစားသောက်ခဲ့တာကြောင့် ဆီးချိုရောဂါဖြစ်ပွားခဲ့ရတယ်လို့ တွမ်ဟန့်စ်ကဝန်ခံခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် အော်စကာဆုရှင် မင်းသားဟာ ၂၀၁၃ ခုနှစ်က အမျိုးအစား (၂) ဆီးချိုရောဂါရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

“ကျွန်တော်က ပျင်းရိတဲ့ အမေရိကန်မျိုးဆက်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ပါတီတိုင်းမှာ ဝင်ရောက်ဆင်နွှဲကာ အပျော်ကျူးခဲ့ပြီး နောက်ဆုံးမှာ ရောဂါတစ်ခုရလာတဲ့ပုံစံပါပဲ”လို့မင်းသားက ပြောပါတယ်။

“ကျွန်တော်က ခန္ဓာကိုယ်အလေးချိန်များပါတယ်။ ကျွန်တော့်ဇာတ်ကားတွေမှာ ဒါကိုတွေ့ပါလိမ့်မယ်။ လုံးဝကို စည်းမဲ့ကမ်းမဲ့နေထိုင်ခဲ့သူပါ”လို့ သူက ဆိုပါတယ်။ဒါပေမဲ့ သူရောဂါကို အောင်နိုင်လိမ့်မယ်လို့ မင်းသားကမျှော်လင့်နေပါတယ်။ သတ်မှတ်ကိုယ် အလေးချိန်ရောက်အောင် ချနိုင်မယ်ဆိုရင် ဆီးချိုရောဂါထိန်းနိုင်လိမ့်မယ်လို့ ဆရာဝန်ကပြောတယ်လို့ တွမ်က ဆိုပါတယ်။ တွမ်ဟာ အသက် ၂၁ နှစ် အရွယ်မှာ ဖခင်တစ်ယောက်ဖြစ်လာခဲ့ပြီး ဒီလိုမိသားစုတစ်ခုကို စောစောထူထောင်လိုက်တာက သူ့ကို ထိန်းကျောင်းပေးတယ်လို့လည်း ပြောပါတယ်။ အသက်ငယ် ငယ်ရွယ်ရွယ်နဲ့ ကလေးအဖေဖြစ်ခဲ့တာ ကံကောင်းသွားပါတယ်။ အပျော်အပါး လိုက်စားဖို့အချိန်တွေ နည်းသွားတာပေါ့လို့ သူက ဆက်ပြောပါတယ်။

အခု ကလေး ၄ ယောက် ဖခင်ဖြစ်နေပြီဖြစ်တဲ့ တွမ်က အရက်အလွန်အကျွံမသောက်သုံးကြောင်းနဲ့ ဆင်ဆင်ခြင်ခြင်နေထိုင်တဲ့ အလေ့အကျင့်ကိုရနေ ပြီဖြစ်ကြောင်း ရှင်းပြပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top