Healthy Life Ad
Q & A

ဆားနဲ့ သွားတိုက်တဲ့အခါ . . .

မေး. ဆားနဲ့ သွားတိုက်တဲ့အခါ ကောင်းကျိုး ဆိုးကျိုး သိချင်ပါတယ်ဆရာ။
ကိုခန့်၊ လမ်းမတော်။

ပါမောက္ခဦးကိုကိုမောင်(မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဆားနဲ့ သွားတိုက်တာတော့ မကောင်းပါဘူး။ ဆားကကြမ်းတယ်၊ သွားကို တိုက်တော့ပွတ်ရတယ်၊ အဲဒီလိုပွတ်ရင်ဆားရဲ့ ပါဝင်တဲ့ဓာတ်ကြောင့် ကောင်းတာရှိပေမယ့် ဆားရဲ့ ကြမ်းတမ်းမှုကြောင့် သွားပွတ်တိုက်တဲ့အခါ သွားမျက်နှာပြင်စားသွားပြီး ကြွေသွားလွှာတွေ ပါး၊ ပါးသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top