Healthy Life Ad
Q & A

သွားတိုက်ပြီး အိပ်သော်လည်း မနက်နိုးရင် ခံတွင်းနံ့နံနေတယ် . . .

မေး. ညဘက်သွားတိုက်ပြီး အိပ်ပါတယ်။ ဒါပေမဲ့ မနက်အိပ်ရာထရင် ခံတွင်းနံ့ နံပါတယ်။ အဲဒီလိုမနံချင်ပါဘူး။ ဘယ်လိုဂရုစိုက်သင့်ပါသလဲဆရာ။
လွင်လွင်သန့်၊ ပုသိမ်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ခံတွင်းနံ့ နံရတဲ့ အကြောင်းရင်းက သွားဖုံးတွေမကောင်းဘူး၊ သွားမှာ သွားပိုးစားတဲ့အပေါက်တွေ ရှိနေတယ်၊ သွားကြားထဲမှာ အစာတွေဝင်နေတယ်၊ အဲဒီလိုအခြေအနေမျိုးဆိုရင် အများအားဖြင့် ခံတွင်းနံ့က နံမှာပါပဲ။ ဒီတော့ သွားပိုးပေါက်တွေကို ပိတ်ရပါမယ်၊ သွားဖုံးတွေ ကောင်းအောင်လုပ်ရပါမယ် . . ဒါဆိုရင် သွားအနံ့၊ ခံတွင်းနံ့မထွက်ပါဘူး။ သွားဆရာဝန်ဆီပြပြီး သွားပိုးစားပေါက်တွေဖာတာ၊ သွားကျောက်တွေ၊ ဂျိုးတွေသန့်စင်တာ . . စတဲ့ လိုအပ်တဲ့ ကုသမှုတွေ လုပ်လိုက်ရင် ကောင်းသွားမှာပါ။

ဒါမှမဟုတ် သွားပိုးပေါက်တွေလည်းမရှိဘူး၊ သွားဖုံးကျန်းမာရေးကလည်း ကောင်းတယ်၊ သွားမှာလည်း ရောဂါမရှိဘူးဆိုရင် နံရတဲ့ အကြောင်းရင်းက တခြားကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ အဆုတ်မကောင်းရင် အဆုတ်ကနေ အသက်ရှူတဲ့အခါ မကောင်းတဲ့ အနံ့ထွက်ပြီး ခံတွင်းနံ့ထွက်တာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် ထိပ်ကပ်နာလို ရောဂါဖြစ်ပြီး ပါးစပ်ထဲမှာ အလိုလိုအနံ့မကောင်းတာ ဖြစ်နေတတ်ပါတယ်။ နှာခေါင်းထဲက အရိုးထဲမှာ ပြည်တွေတည်နေရင်လည်း ပါးစပ်ထဲမှာ အနံ့မကောင်းတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်ရသလဲဆိုတာ ဆရာဝန်နဲ့ပြပြီး ဆရာဝန်ရဲ့ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top