Healthy Life Ad
Local

မြန်မာအမျိုးသမီးခွဲစိတ်ဆရာဝန်ကြီးများ ဦးဆောင်ခွဲစိတ်သော ရင်ချင်းဆက် အမြွှာ ညီအစ်ကို ခွဲစိတ်မှုအောင်မြင်

အေးမို့မို့ဇော်

အမျိုးသမီးခွဲစိတ်ဆရာဝန်ကြီးများ ဦးဆောင်ခွဲစိတ်သော ရင်ချင်းဆက်အမြွှာညီအစ်ကို ခွဲစိတ်မှုကို ဇူလိုင်လ ၁၆ရက်နေ့ကခွဲစိတ်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးခွဲ စိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာအေး အေးကပြောကြားခဲ့သည်။ရင်ချင်းဆက်အမြွှာညီအစ်ကိုဖြစ်သော စိုင်းခမ်းနှင့် စိုင်းငင်းတို့သည် ကျိုင်းတုံမြို့၊ ဝမ်ဟုတ်ကျေးရွာ နေ အဖဦးစိုင်းအောင်၊ အမိဒေါ်နမ်းခမ်းနမ်းတို့မှ ၇-၃-၂၀၁၅ရက်နေ့၌ ကျိုင်းတုံအထွေထွေရောဂါကု ဆေးရုံကြီးတွင် မွေးဖွားခဲ့ပြီး ရန်ကုန်ကလေးဆေးရုံ ကြီးသို့ ၄-၅-၂၀၁၅ရက်နေ့တွင် လွှဲပြောင်းရောက်ရှိခဲ့ကြောင်း သိရသည်။

ရင်ချင်းဆက်အမြွှာ စိုင်းခမ်းနှင့် စိုင်းငင်းတို့သည် မွေးကင်းစအချိန်မှ ယခုအချိန်ထိ ကြီးကြီးမားမားရောဂါမရှိဘဲ ပုံမှန်ကိုယ်ခန္ဓာနှင့်ဦးနှောက်ဖွံ့ဖြိုးမှုရှိကြကြောင်းနှင့် ၄င်းတို့နှစ်ဦးသည် အသည်းချင်းထိစပ်လျက်ရှိပြီး ကျန်ကိုယ်တွင်းအင်္ဂါများမှာသီးခြား စီရှိကြောင် းသိရသည်။အဆိုပါ ရင်ချင်းဆက်အမြွှာညီအစ်ကိုတို့အား ရန်ကုန်ကလေးဆေးရုံကြီးတွင် ပါမောက္ခဒေါက်တာအေးအေးဦးဆောင်သော ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများမှ တာဝန်ယူခွဲစိတ်ခဲ့ကာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ခွဲစိတ်ကုသခြင်းမှာ ရန်ကုန်ကလေးဆေးရုံကြီးအနေဖြင့် ၈ ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး ရင်ချင်းဆက်အမြွှာညီအစ်ကိုအား ၃လကြာ စောင့် ကြည့်သွားမည်ဖြစ်ကြောင်း ပါမောက္ခဒေါက်တာ အေးအေးက ပြောကြားခဲ့သည်။

Most Popular

Healthy Life Ad
To Top