Healthy Life Ad
International

၇၃နှစ်အရွယ် ကာယအလှမယ်ဘွားဘွား ၄၉ နှစ်အရွယ်ချစ်သူနှင့် အတူနေထိုင်

၊ မိုးမင်းထွန်း ၊ (Ref; DM)


အသက် ၅၀ကျော်ကတည်းက ကိုယ်ကာယ ကျန်းမာရေးလိုက်စားခဲ့တဲ့ သြစတြေးလျနိုင်ငံသူ ဂျန်နိုက်လော်ရိန်းဟာ ကိုယ်ကာယလေ့ကျင့်ခန်းကို နေ့တိုင်းလုပ်ဆောင်ခဲ့ပါတယ်။ အခု အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အသက်အကြီး ဆုံးခန္ဓာကိုယ်အလှပိုင်ရှင်လို့တောင် ပြောလို့ရပါတယ်။


စိတ်ပညာရှင်အလုပ်က အနားယူထားတဲ့ သူဟာ အသက် ၅၅ နှစ်ကတည်းက ကျန်းမာရေး စတင်လိုက်စားခဲ့ပါတယ်။ သူရဲ့ ၂၅ နှစ်ကျော်ကြာ အတူနေချစ်သူ အသက် ၄၉ နှစ်အရွယ် ဒေးဗစ်ကန်ဒေါကလည်း လိုအပ်တဲ့ဖေးမမှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လော်ရိန်းက ရပ်ကွက်အားကစားခန်းမတစ်ခုမှာ လေ့ကျင့်ခန်း စတင်လုပ်ဆောင်ခဲ့ပြီး ၁၅လကြာတဲ့နောက် ၁၉၉၉ ခု ဆစ်ဒနီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လော်ရိန်းဟာ တစ်ရက်ခြားတစ်ခါ တစ်ရက် ၃နာရီကြာ ကိုယ်ကာယလေ့ကျင့်ခဲ့ပြီး တစ်ပတ် ၃ရက် ၈ ကီလိုမီတာ လမ်းလျှောက်တယ်လို့ သိရပါတယ်။

“ခန္ဓာကိုယ်အလှအပလေ့ကျင့်ခန်းတွေ ဘယ်အချိန်မှာရပ်မလဲဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ ဆန္ဒရှိသလောက်တော့ ဆက်လုပ်နေဦးမှာပါပဲ။ ၇၃ နှစ်အရွယ်ဆိုရင် အိုမင်းသူတွေပဲလို့ထင်တဲ့ လူတွေရဲ့ အမြင်ကိုပြောင်းလဲဖို့ ကြိုးစားနေပါဦးမယ်”လို့ လော်ရိန်းက ဆိုပါတယ်။

သြစတြေးလျနဲ့နိုင်ငံခြားမှာ ကျင်းပတဲ့ ကိုယ်ကာယအလှပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သူ့အသက်အရွယ်နဲ့ ဘီကီနီဝတ်ပြီး ယှဉ်ပြိုင်တာကို လူတွေက အံ့သြကြတယ်လို့ ပြောပြပါတယ်။

လော်ရိန်းဟာ ပြိုင်ပွဲများစွာကို ယှဉ်ပြိုင်ဖူးပြီး မယ်စကြာဝဠာဆု၊ မယ်ကမ္ဘာဆုနဲ့ မယ်အိုလံပီယာဆုတို့ကို ရရှိခဲ့ပါတယ်။

ဒီလိုဆုတွေဟာ အချိန်ဇယားနဲ့အညီ စူးစိုက်လေ့ကျင့်မှုကြောင့်ရခဲ့တာလို့ လော်ရိန်းက ဆိုပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းတွေက ကျန်းမာရေးကောင်းမွန်စေကာ ဘယ်အရွယ်မဆို တက်ကြွရွှင်လန်း၊ ယုံကြည်မှုရှိစေပြီး ဆွဲဆောင်မှုရှိစေတယ်လို့ သူက ရှင်းပြပါတယ်။

Most Popular

Healthy Life Ad
To Top