Healthy Life Ad
Life Style

သုက်ကောင်ကျန်းမာပြီး မျိုးအောင်နိုင်စွမ်း ကောင်းမွန်အောင် . . .

ကိုထက်
အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်း လျော့ကျတာက သုက်ကောင်အရေအတွက် လျော့နည်းမှုနဲ့ ဆက်စပ်နေပါတယ်။ မျိုးဆက်ပွားစနစ်မှာ ပိုးဝင်တာလို တချို့အခြေအနေတွေကြောင့် အမျိုးသားတွေမှာ သုက်ကောင် လျော့နည်းမှု ဖြစ်တတ်ပါတယ်။ ဒါကြောင့် သားသမီးရယူလိုတဲ့ အမျိုးသားတွေအနေနဲ့ သုက်ကောင်အရေအတွက် တိုးလာစေမယ့် သဘာဝ နည်းလမ်းတွေ ရှိပါတယ်။

လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်း
ကိုယ်အလေးချိန်များနေသူတွေအနေနဲ့ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းရှိအောင် ထိန်းပေးတာတွေကြောင့် သုက်ကောင်တွေရဲ့ သန်စွမ်းပွားများမှုကို မြင့်တက်စေပါတယ်။

အိပ်ရေးဝ၀ အိပ်စက်အနားယူခြင်း
အိပ်ရေးပျက်တာက ကိုယ်ခန္ဓာ ကျန်းမာရေးအတွက်သာမက သုက်ကောင်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝ၀ အိပ်စက်အနားယူပြီး လုံလောက်တဲ့ ခွန်အားရှိအောင် နေထိုင်တာက သုက်ကောင်တွေကို ကျန်းမာစေပါတယ်။

လက်ဖက်စိမ်းလက်ဖက်ရည် သောက်ခြင်း
လက်ဖက်စိမ်းလက်ဖက်ရည်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ မျိုးအောင်နိုင်စွမ်းကို အားကောင်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သုက်ကောင်တွေကို ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ဖို့ လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပေးပါ။ လက်ဖက်စိမ်းလက်ဖက်ရည်မှာပါတဲ့ EGEC က သုက်ကောင်အရည်အသွေးနဲ့ ကူးခတ်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူ စားခြင်း
ချစ်စိတ်တိုးစေသလို သုက်ကောင်ထုတ်လုပ်မှု အားကောင်းစေတဲ့ အစာက ကြက်သွန်ဖြူပါ။ ကြက်သွန်ဖြူမှာပါတဲ့ အဲလစ်စင်ဒြပ်ပေါင်းဟာ သုက်ကောင်ထုတ်လုပ်အားကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို တိုးစေပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ ဆီလီနီယမ်ဓာတ်ဟာ သုက်ကောင်တွေကို အားကောင်းစေပါတယ်။


အစာ မှန်မှန် စားခြင်း
ဇင့် (သွပ်)ဓာတ်၊ ဗီတာမင်စီ၊ ဆီလီနီယမ်၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ ဖောလစ်အက်ဆစ် စတာတွေ ပါဝင်မှုများတဲ့ အစာတွေကို စားပေးပါ။ ဒီအစာတွေက သုက်ကောင်တွေရဲ့ ကူးခတ်နိုင်စွမ်းအားကို ကောင်းမွန်စေပါတယ်။
Ref; HD

Most Popular

Healthy Life Ad
To Top