Healthy Life Ad
Local

မြန်မာတစ်နိုင်ငံလုံးတွင် ဆီးချိုသွေးချိုရောဂါ ဖြစ်သူဦးရေ ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဆီးချိုရောဂါ ဖြစ်သူများကို လေ့လာထားသည့် အချက်အလက်များအရ တောရွာနေ ဆီးချိုရောဂါ ဖြစ်သူ ဦးရေမှာ ၉ ရာခိုင်နှုန်း၊ မြို့နေ ဆီးချိုရောဂါ ဖြစ်သူ ဦးရေက ၁၄ ရာခိုင်နှုန်းရှိပြီး မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာရ ဆီးချိုသွေးချိုရောဂါ ဖြစ်သူဦးရေ ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း ဆီးချိုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးကိုကိုက Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

ဆီးချိုရောဂါက မြို့ကလူတွေမှာပဲ ဖြစ်တယ်၊ တောရွာကလူတွေမှာ မဖြစ်ဘူးလို့ လူအများစုက ထင်နေကြပါတယ်။ ဒါက မဟုတ်ပါဘူး။ တောရော မြို့ရော ဆီးချိုရောဂါဖြစ်တဲ့သူတွေ ရှိနေပါတယ်။ဆီးချိုရောဂါ ဖြစ်သူတွေကို လေ့လာထားတဲ့ အချက်အလက်တွေအရ တောမှာဖြစ်တဲ့ သူဦးရေက ၉ ရာခိုင်နှုန်း၊ မြို့မှာဖြစ်တဲ့ သူဦးရေက ၁၄ ရာခိုင်နှုန်းနဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာရ ဆီးချိုသွေးချို ရောဂါဖြစ်သူဦးရေ ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်”ဟု ပါမောက္ခဦးကိုကိုက ပြောသည်။

ဆီးချိုသွေးချိုရောဂါတွင် တွေ့ရတတ်သည့် လက္ခဏာများမှာ မကြာခဏ ဆီးသွားခြင်း၊ အာခြောက်ပြီး ရေငတ်လွန်းခြင်း၊ ခွန်အားမရှိသကဲ့သို့ ဖြစ်ပြီး နုံးနယ်နေခြင်း၊ အမြဲ ဗိုက်ဆာနေခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက် ကျသွားခြင်း၊ အမြင်အာရုံ ဝေ၀ါးခြင်း၊ ရောဂါပိုး မကြာခဏဝင်ခြင်းတို့ ဖြစ်ကြကြောင်း သိရသည်။

ယခုအခါ ဆီးချိုရောဂါက ကမ္ဘာတစ်ဝန်းတွင် ဖြစ်နှုန်း တိုးမြင့်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ဆီးချိုရောဂါဖြစ်နှုန်း တိုးပွားနေကြောင်း၊ သို့ဖြစ်ရာ အသက် ၄၀ ကျော်လာလျှင် မည်သူမဆို ဆီးချို သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးကြည့်သင့်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top