Healthy Life Ad
Child

သင့်ကလေး သွားပိုးစားခြင်းမဖြစ်အောင်

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

ကလေးတွေမှာ အချိုတွေ၊ ကစီဓာတ်တွေ စားတာကြောင့်သွားပိုးစားတတ်ပါတယ်။ ကလေးတွေက နို့ဘူးတွေကိုငုံပြီး တစ်ညလုံးအိပ်တတ်တယ်၊ ထမင်းလုတ်ကြီးတွေငုံပြီး ညအိပ်တယ် . . အဲဒီလို ကလေးတွေက သွားပိုးစားတာ ပိုဖြစ်တတ်ပါတယ်။ နို့ထဲမှာ သကြားထည့်ဖျော်ပြီးတိုက်ရင် အဲဒီကလေးတွေက ပိုပြီး သွားပိုးစားမှာပဲဖြစ်ပါတယ်။ တစ်ချိန်လုံးနို့ဘူး ကိုငုံပြီးအိပ်နေတယ်ဆိုရင် ကလေးအရွယ်ကတည်းက သွားတွေက တိုတိုလေးတွေဖြစ်ပြီး ပြတ်နေတတ်တယ်၊ သွားတွေအကုန်လုံး မရှိသလိုဖြစ်တတ်ပါတယ်။ အဲဒါကို Rampant Caries လို့ ခေါ်ပါတယ်။ ဒါက ကလေးတွေကို ညဘက်မှာ အချိုဓာတ်တွေ အလွန်အမင်းကျွေးလို့ ဖြစ်ရတာပါ။

ကလေးတွေကို ညဘက်မှာ ရေပဲတိုက်တာကောင်းပါတယ်။ နို့ဘူးကြီးကို ငုံမထားစေချင်ပါဘူး။ ကလေးသွားစပေါက်လာကတည်းက သန့်ရှင်းရေးလုပ်ပေးဖို့ အရေးကြီးပါတယ် . . .

ကလေး သွားပိုးစားခြင်း မဖြစ်စေရန်
ကလေးတွေကို ညဘက်မှာ ရေပဲတိုက်တာ ကောင်းပါတယ်။ နို့ဘူးကြီးကို ငုံမထားစေချင်ပါဘူး။ ကလေး သွားစပေါက်လာကတည်းက သန့်ရှင်းရေးလုပ်ပေးဖို့ အရေးကြီးပါတယ်။ သွားတစ်ချောင်းပေါက်ရင် တစ်ချောင်း သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ အဲဒါကို အကျင့်လုပ်ပေးရပါမယ်။ အချိုတွေကို လျှော့ကျွေးသင့်ပါတယ်။

ကလေးသွားပိုးစားခြင်း အဆင့်ဆင့်
ကလေးတွေမှာ သွားပိုးစားတာ အဆင့်ဆင့်ရှိပါတယ်။ စစချင်း ကြွေသွားလွှာမှာ အက်ကြောင်းလေးတွေ ထင်လာပါတယ်။ အဲဒီအခါမှာ သွားတွေက ပွနေ၊ ပျော့နေတတ်ပါတယ်။ အဲဒီအချိန်မှာ ပျော့တဲ့အပိုင်းကို ဖယ်ပြီး ဆေးထည့်ပေးရပါမယ်။ အဲဒီထက် နက်သွားရင် မွသွားလွှာကို ရောက်သွားတဲ့အခါ သွားတွေကကျဉ်လာပါတယ်။ ကျဉ်လာတဲ့အချိန်မှာ ကုသမှုခံယူရပါမယ်။ သွားတွေကို ဖာပေးရပါမယ်။ အဲဒီထက် နက်သွားရင် သွားအကြောလွှာကို ရောက်သွားပါတယ်။

အကြောလွှာရောက်သွားတဲ့အခါ သွားတွေက ရောင်လာတာ၊ အရမ်းကိုက်တာတို့ ဖြစ်လာတတ်ပါတယ်။ အဲဒီအချိန်မှာ သွားအကြောထုတ်ကုသရပါမယ်။ ဒါမှမဟုတ် သွားနုတ်ရပါတယ်။ ကလေးတွေမှာကျတော့ စောစောစီးစီးပြရင် သွားတွေကိုမနုတ်ဘဲ အချိန်တန်တဲ့အထိ (ငယ်သွားလဲ တဲ့အထိ)သွားတွေကို ထိန်းထားလို့ ရပါတယ်။

သတိပြုရန်
ကလေးတွေ ငယ်သွားလဲတဲ့အခါ ရှေ့သွားတွေက အသက်ခြောက်နှစ်-ခုနစ်နှစ်လောက်မှာ စလဲတတ်ပါတယ်။ ကျန်တဲ့ အံသွားတွေက အသက် ၁၂ နှစ်မတိုင်ခင်မှာ သူ့ဟာနဲ့သူလဲသွားပါတယ်။ အဲဒီအချိန်အထိ ငယ်သွား တွေက ကောင်းနေရပါမယ်။ ပိုးမစားသင့်ပါဘူး။ ဒါကို မိဘတွေက ဂရုစိုက်ပေးဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top