Healthy Life Ad
Life Style

ဒုတိယဘာသာစကား တတ်ကျွမ်းတဲ့အခါ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက မေမေကြွက်နဲ့ ဘေဘီကြွက်လေးတို့ရှိသတဲ့။ သူတို့သားအမိဟာ နွေးထွေးကြီးမားတဲ့အိမ်ထဲက အဝတ်ဗီရိုအပေါက်လေးတစ်ခုထဲမှာ နေထိုင်ရင်းဒိန်ခဲအများအပြား စားနေခဲ့ကြပါတယ်။ တစ်နေ့မှာတော့ မေမေကြွက်ကဘေဘီကြွက်လေးကို အိမ်အပြင်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။ အဲဒီလိုဆုံးဖြတ်မိခါမှ အပြင်မှာသူတို့သားသမီးကို ခုတ်ဖို့ချောင်းနေတဲ့ ကြောင်ကြီးတစ်ကောင်ရှိနေမှန်း သိခဲ့ရတယ်။

“ မေမေ . . မေမေ . . သမီးတို့ ဘာလုပ်ကြမလဲဟင် . .”

ဘေဘီကြွက်လေးကငိုပြီး သူ့မိခင်အမြီးကို လှုပ်ရမ်းမေးခဲ့ပါတော့တယ်။ မေမေကြွက်လည်း စဉ်းစားရပြီပေါ့ . . ဆာလောင်နေတဲ့ကြောင်ကြီးရဲ့ မျက်ဝန်းတွေထဲစိုက်ကြည့်ပြီး ဘာလုပ်ရမလဲဆိုတာ . . ဒါပေမဲ့မေမေကြွက်က လုံးဝမကြောက်ခဲ့ပါဘူး၊ ဒီကြောက်စရာကောင်းလှတဲ့ကြောင်ကြီးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူကောင်းကောင်းသိနေလို့ပါပဲ။ မေမေကြွက်လည်းပါးစပ်ဟပြီး အသက်ပြင်းပြင်းရှူပစ်လိုက်တော့တယ်။

“ ဝုတ်. . ဝုတ် . . ဝုတ် ”

မေမေကြွက်ကအော်ဟစ်လိုက်တော့ ကြောင်ကြီးလည်းပြေးနိုင်သလောက် မြန်မြန်သုတ်ချေတင် ပြေးသွားခဲ့ပါတယ်။

“ ဝိုး . . မေမေ . . မိုက်တယ် ”

ဘေဘီကြွက်လေးကသူ့မေမေကို ပျော်ရွှင်စွာပြောပြခဲ့ပါတယ်။

“ ဒါကြောင့် ဒုတိယဘာသာစကားတတ်ထားတာက အမြဲတမ်းကောင်းတယ်ဆိုတာ သမီးကိုမေမေ သိစေချင်တာပေါ့ . . ”

စာစုက ပေးချင်သော သင်ခန်းစာ

ဘဝမှာ ဒုတိယဘာသာစကားတတ်ထားရင် အမြဲတမ်းအဆင်ပြေပြေ လျှောက်လှမ်းနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top