Healthy Life Ad
Health Tips

ဘာကြောင့် မျက်လုံးလှုပ်ရတာလဲ

၊ မိုးမင်းထွန်း ၊

ထိန်းချုပ်လို့မရတဲ့ မျက်လုံးလှုပ်တာက စိတ်အနှောင့်အယှက်ဖြစ်စရာတစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ အစိုးမရတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ရုတ်တရက် မျက်ခွံလှုပ်လာတာနဲ့ မအောင့်နိုင်မအည်းနိုင်အောင် မျက်တောင်ခတ်ချင်စိတ်ဖြစ်ပေါ်တာတို့ဟာ အလိုအလျောက်ဖြစ်ပေါ်လာကာ မြင်မြင်သမျှကို မျက်လုံးလိုက်မှိတ်ပြသလိုမျိုးနဲ့ ဆင်တူနေပါတယ်။

ဆေးပညာအရ Myokymia လို့ခေါ်တဲ့ မျက်လုံးလှုပ်တာဟာ မျက်လုံးနားက သေးငယ်တဲ့ကြွက်သားတွေနဲ့ အာရုံကြောတွေ လှုံ့ဆော်ခံရတဲ့အခါ ဖြစ်ပွားပါတယ်။ မောပန်းနွမ်းနွယ်မှုနဲ့ ခြေကုန်လက်ပမ်းကျတာတို့ဟာ မျက်လုံးလှုပ်တာရဲ့ ပင်မအကြောင်းရင်းတွေပဲဖြစ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ညဘက်မှာ အိပ်ရေးဝ၀ အိပ်စက်ဖို့ လိုအပ်ပါတယ်။ ကဖင်းဓာတ်ဟာလည်း တခြားအကြောင်းရင်းတစ်မျိုးဖြစ်ကာ သူ့ကြောင့် အားအင်ပြည့်ဝလွန်တာကလည်း တုန်ခြင်း၊ လှုပ်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ အားဖြည့်အချိုရည်တို့၊ ကော်ဖီတို့သောက်တဲ့အခါ ပမာဏနည်းနည်းကိုပဲ သောက်သင့်ပြီး အရက်နဲ့ ဆေးလိပ်ကိုလည်း ချင့်ချိန်အသုံးပြုသင့်ပါတယ်။

စိတ်ဖိစီးမှုကလည်း မျက်လုံးလှုပ်စေနိုင်ပါတယ်။ ဒါက သတိထားစရာဖြစ်ပြီး ပွဲလမ်းသဘင်ဧည့်ခံပွဲတွေမှာ မျက်လုံးလှုပ်ရင် တည်တည်ငြိမ်ငြိမ်တုန့်ပြန်ဖို့လိုအပ်ပါတယ်။ မဟုတ်ဘဲ စိတ်ဖိစီးမှုဖြစ်မယ်ဆိုရင်တော့ အဆိုးကျော့ သံသရာလည်ပြီး လှုပ်မြဲလှုပ်နေတော့မှာပါ။ မျက်လုံးလှုပ်တာက ပုံမှန်အားဖြင့် ယာယီခဏသာဖြစ်ပေါ်လေ့ရှိပါတယ်။ အထက်ပါအချက်တွေကို ရှောင်ကြဉ်ရင်တော့ မျက်လုံးမလှုပ်အောင်ကာကွယ်နိုင်မှာပါ။ ဒါပေမဲ့ အချိန်အကြာကြီး မျက်လုံးလှုပ်နေတယ်ဆိုရင်တော့ ပါကင်ဆန်၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေရှိတာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Ref;IDP)

Most Popular

Healthy Life Ad
To Top