Healthy Life Ad
Q & A

သားသမီးအတွက် ပူပင်လွန်းလို့ ည ည အိပ်မပျော်နိုင် . . .

မေး. ည ညဆို သားလူပျို အိမ်ပြန်မရောက်သေးရင် လမ်းမှာဘာဖြစ်နေသလဲဆိုပြီး ကျွန်မစိတ်ပူမိတယ်ဆရာ၊ အိမ်ထောင်သည် သမီးအတွက်ကျပြန်တော့ သူ့ယောကျာ်းနဲ့ အဆင်ပြေပါ့မလားဆိုပြီး ပူပန်မိပြန်ရော ဆရာ၊ သူတို့အတွက် ငွေရေးကြေးရေးတင်မက လူမှုရေး၊ ကျန်းမာရေးတွေအထိ အစစအရာရာ ကျွန်မပူပင်နေရပါတယ်။ အဲဒီလိုစိတ်နဲ့ ကျွန်မဘာဖြစ်နေလဲဆိုတော့ ည ည အိပ်မပျော်ဘူးဆရာ၊ ကျွန်မဘာလုပ်သင့်ပါသလဲ ဆရာ။
ဒေါ်စန်းနွဲ့၊ ချောက်မြို့။

ဒေါက်တာဦးဇော်စိန်လွင် ဆေးရုံအုပ်ကြီး(ငြိမ်း)၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. ဥပမာတစ်ခုနဲ့ ပြန်မေးချင်ပါတယ်။ လက်ထဲ မီးခဲကိုင်မိရင် ဘာလုပ်မလဲ . . လွှတ်ချရမှာပါ့။ အခု မေးထားတဲ့ မေးခွန်းကို ပြန်ဖြေရရင် ဒီလိုပူပင်မှုတွေ၊ စိုးရိမ်သောကတွေကို လွှတ်မချဘဲ ဆုပ်ကိုင်ထားမယ်၊ ညဘက် အိပ်ပျော်အောင်ဆေးကိုပဲ အားကိုးမယ်ဆိုရင် သိပ်အကျိုးမရှိပါဘူး။ ပူတာကို ပူမှန်းသိဖို့လိုတယ်၊ ပူတဲ့အကြောင်းအရာက ပြုပြင်လို့ရမလား ဒါမှမဟုတ် ပြောင်းလဲလို့ရမလား ဒါမှမဟုတ် ဒီဟာနဲ့ အလိုက်သင့်နေရမလားဆိုတဲ့ ပြဿနာကို ချည်းကပ်ပုံ ချည်းကပ်နည်းနဲ့ လေ့ကျင့်လိုက်မယ်ဆိုရင် ပူပင်စိတ်လျော့ပြီး ည ည အိပ်ပျော်သွားမှာပါ။ အဓိက ပြဿနာကတော့ လက်ထဲကကိုင်ထားတဲ့ မီးခဲကို ပူတာကို ပူမှန်းသိပြီး လွှတ်ချဖို့လိုတယ်ဆိုတဲ့ ယုံကြည်ချက်ရယ်၊ လွှတ်ချဖြစ်အောင် အားထုတ်မှုရယ်၊ ပူတဲ့အရှိန်သက်သာအောင် ပြုမူနေတတ်ဖို့ရယ် အမြဲသတိပြုလေ့ကျင့်ဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top