Healthy Life Ad
Life Style

သွားဖုံးနိမ့်ခြင်း

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. သွားဖုံးတွေက ဘာကြောင့် နိမ့်ကျရတာပါလဲဆရာ။

ဖြေ. သွားဖုံးနိမ့်တယ်ဆိုတာ သွားဖုံးက အလိုလို နိမ့်သွားတာတော့ မဟုတ်ပါဘူး။ သွားဖုံးနိမ့်ရတာက သွားဖုံးရောဂါကို စဖြစ်စေတဲ့ Biofilm လို့ခေါ်တဲ့ အမြှေးပါးလေးတွေက သွားမှာကပ်နေတယ်၊ ပါးစပ်ထဲမှာ ပိုးမွှားပေါင်းစုံရှိတဲ့အခါကျတော့ Biofilm ရှိတဲ့နေရာမှာ ဘက်တီးရီးယားပေါင်းစုံက လာကပ်ကြတယ်။ အဲဒီလို ကပ်ရာက သွားက နဂိုလို သန့်ရှင်းတဲ့သွားမျိုး မဟုတ်တော့ဘူး။ အမြှေးပါးတွေကပ်ငြိနေတော့ ပိုးမွှားတွေက အလွယ်တကူ ခိုအောင်းနေတယ်။

အဲဒီခိုအောင်းနေတဲ့ဟာတွေကို Dental Plague လို့ခေါ်ပါတယ်။ တံတွေ တွေနဲ့ တွေ့တဲ့အခါ တံတွေးထဲမှာရှိတဲ့ ကယ်လ်ဆီယမ် ကျောက်လေးတွေ အနည်ထိုင်ပြီး ဂျိုး (Calculus) ဆိုပြီး ဖြစ်လာပါတယ်။ အဲဒီဂျိုးတွေများများလာတဲ့အခါ သွားနေရာမှာ ဂျိုးတွေဖြစ်လာတော့ သွားဖုံးက ဂျိုးတွေကို နေရာပေးရတဲ့အတွက် အောက်ကိုဆင်းဆင်းသွားပါတယ်။ သွားဂျိုးတွေနေရာဝင်ယူသွားလို့ သွားဖုံးတွေက အောက်ကို နိမ့်နိမ့်သွားတာဖြစ်ပါတယ်။

သွားဂျိုးတွေမရှိအောင် သွားတိုက်နည်း မှန်မှန်နဲ့ သွားတိုက်ရပါမယ်။ သွားဆရာဝန်နဲ့ ခြောက်လတစ်ခါမှန်မှန် ကျောက်တွေ သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် သွားဖုံးတွေ ကျန်းမာရေးကောင်းနေပြီး သွားဖုံးနိမ့်ကျတယ် ဆိုတာမျိုး မဖြစ်နိုင်တော့ပါဘူး . . .

မေး. သွားတွေမှာ ဂျိုးတွေမရှိအောင် ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ. သွားဂျိုးတွေမရှိအောင် သွားတိုက်နည်း မှန်မှန်နဲ့ သွားတိုက်ရပါမယ်။ သွားဆရာဝန်နဲ့ ခြောက်လတစ်ခါ မှန်မှန် ကျောက်တွေသန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင် သွားဖုံးတွေ ကျန်းမာရေးကောင်းနေပြီး သွားဖုံးနိမ့်ကျတယ်ဆိုတာမျိုး မဖြစ်နိုင်တော့ပါဘူး။

မေး. သွားဂျိုးတွေကြောင့် သွားဖုံးနိမ့်သွားတဲ့အခါမှာဆိုရင် သွားဖုံးတွေ သူ့နေရာနဲ့သူ ပြန်တက်လာအောင် ဘယ်လိုလုပ်ဆောင်လို့ရပါသလဲ ဆရာ။

ဖြေ. ဂျိုးတွေက သွားဖုံးနေရာဝင်ယူသွားပြီး သွားဖုံးနိမ့်သွားတဲ့အခါကျတော့ အချိန်မီထုတ်ပေးမယ်ဆိုရင် သွားဖုံးကသူ့နေရာနဲ့သူ ပြန်တက်လာနိုင်ပါတယ်။ အချိန်မမီရင်တော့ ဂျိုးတွေကြောင့် သွားဖုံးတင်မကဘဲ သွားရိုးတွေပါ နိမ့်ကျသွားနိုင်ပါတယ်။ အရိုးတွေက စားသွားတဲ့ သဘောမျိုးဖြစ်ပြီး ဘက်တီးရီးယားတွေကော၊ တခြားပိုးတွေကော အကုန်ဝင်ကာ အိတ်ကြီးလိုဖြစ်နေတယ်၊ အဲဒီအခါ သွားဖုံးနဲ့ သွားကြားထဲမှာမကောင်းတာတွေ စုဝင်ပြီး သွားဖုံးတွေပိုရောင်နေတယ်၊ အဲဒီတော့ အရိုးတွေစားသွားပြီး အရိုးတွေက သွားကိုထောက်ကန် ပေးနိုင်စွမ်း မရှိတော့ပါဘူး။ နောက်ဆုံးမှာ သွားတွေကလှုပ်ပြီး ပြုတ်ကုန်တတ်ပါတယ်။

မေး. သွားဖုံးတွေ အကုန်စားသွားတဲ့ အခြေအနေကကော ဘာကြောင့်ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. ကင်ဆာဖြစ်ရင်သွားဖုံးအကုန်စားသွားပြီး သွားဖုံးမရှိတော့ဘဲ အရိုးပဲကျန်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ကွမ်းစားရင် သွားဖုံးမှာ သွားဂျိုးတွေ၊ ကျောက်တွေတည်မယ်၊ သွားဖုံးရောင်မယ်၊ သွားဖုံးနိမ့်ကျမယ်၊ တကယ်လို့ ကွမ်းစားပြီး ခံတွင်းကင်ဆာဖြစ်ရင် သွားဖုံးအကုန်စားကုန်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top