Healthy Life Ad
Child

မိခင်နို့ချို တိုက်ကျွေးနေတဲ့ကလေးတွေကို ပူနေရင်တောင် အသက်ခြောက်လအထိ ဘာကြောင့်ရေမတိုက်သင့်တာလဲ . .

မွေးကင်းစကလေးငယ်လေးတွေကို ရေတိုက်ရင်ဝမ်းလျှောဝမ်းပျက်ရောဂါနဲ့ အာဟာရချို့တဲ့မှု ဖြစ်နိုင်ခြေများပါတယ်။

ရေကမသန့်တာဖြစ်နေနိုင်ပြီဆိုရင် ကလေးမှာပိုးဝင်နိုင်ခြေ ရှိပါတယ်။

မိခင်နို့ချိုတိုက်ကျွေးနေတဲ့ ကလေးတွေကိုရေတိုက်လိုက်ရင် ကလေးကမိခင်နို့ချို့စို့တာ နည်းနိုင်ပါတယ်။

ကလေးကစောစောနို့ဖြတ်လိုက်ရင် အာဟာရချို့တဲ့နိုင်တယ်။ မိခင်ကလည်းနောက်ပိုင်းမှာ နို့ထွက်နည်းလာနိုင်ပါတယ်။

မိခင်နို့ချိုထဲမှာ ရေဓာတ်က ၈၀ ရာခိုင်နှုန်းကျော် ပါနေပါတယ်။ အထူးသဖြင့် ပထမဆုံးနို့ရည်ထဲမှာ ရေဓာတ်ပါဝင်မှုများပါတယ်။ အဲဒီနို့ချိုတိုက်လိုက်ရင် ကလေးကရေဆာတာပြေပျောက်ပြီး ကူးစက်ပိုးမဝင်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ကလေးကကောင်းကောင်း ကြီးထွားလာမှာလည်း ဖြစ်ပါတယ်။

ကလေးတွေ အသက်ခြောက်လအထိ ရေတိုက်ဖို့မလိုပါဘူး။ ရာသီဥတုပူနေရင်တောင် ရေတိုက်ဖို့မလိုပါဘူး။

ကလေးအသက်ခြောက်လအထိ မိခင်နို့ချိုတစ်မျိုးတည်းပဲတိုက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ညွှန်ကြားထားပါတယ်။

Most Popular

Healthy Life Ad
To Top