Healthy Life Ad
Health Tips

ကလေးငယ်ရှိသည့် အိမ်တွင် အချစ်တော် တိရစ္ဆာန် မွေးထားသူတို့အတွက် အိမ်သန့်ရှင်းရေး နည်းလမ်းများ

လရိပ်မေ
အိမ်မှာ အိမ်မွေးတိရစ္ဆာန် တစကောင်မွေးထားတာက ကလေးငယ် တစ်ယောက်ရှိသလိုပါပဲ။ အိမ်ထဲမှာ ဆီးစက်တွေ ထင်ကျန်နေနိုင်သလို မစင်တွေလည်း ရှိနေတတ်ပါတယ်။ တစ်ခါတစ်ရံ အန်ဖတ်ရာတွေနဲ့ စိတ်ရှုပ်ရတတ်ပါတယ်။ ဒါ့အပြင် အမွေးထူတဲ့ ခွေးစုပ်ဖွားဆိုရင် အမွေးတွေမှာ ကပ်ငြိနေတဲ့ ရွှံ့တွေကြောင့် သင့်အိမ်ခန်းစီးတွေ ညစ်ပတ်နေနိုင်ပါသေးတယ်။ သင့်အိမ်မှာ ကလေးငယ်လည်းရှိ၊ အိမ် မွေးတိရစ္ဆာန်လည်းရှိတယ်ဆိုရင် အိမ်သန့်ရှင်းရေးကို ပိုမိုအလေးထားဖို့လိုပါတယ်။

(၁) ရေမြှုပ်
သင့်တစ်အိမ်လုံး သင့်အိမ်မွေးခွေးရဲ့အမွေးတွေ ကွာကျမနေစေဖို့နဲ့ ညစ်ပတ်မနေစေဖို့ ပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။ အိမ်မွေးတိရစ္ဆာန် အမွေးအမှင်တွေကို ကောက်ယူတဲ့အခါ ရာဘာလက်အိတ်စွပ်ပြီး ရေမြှုပ်တစ်ခုနဲ့ လိုက်သုတ်ပါ။ ဒါမှသာ အမွေးတွေကပ်ငြိပြီး ပါလာမှာပါ။ ဖုန်စုပ်စက်မသုံးပါနဲ့။ မော်တာမှာ အမွေးတွေ ကပ်ငြိပိတ်ဆို့သွားတတ်လို့ပါ။

(၂) ရှလကာရည်နှင့် ဆော်ဒါမှုန့်
ရှလကာရည်က အစွမ်းထက် သန့်စင်ပစ္စည်းပါ။ ဘယ်မျက်နှာပြင်က အစွန်းအထင်းမဆို ဖယ်ရှားပေးနိုင်ပါတယ်။ ဆော်ဒါမှုန့်က သဘာဝအနံ့ပျောက်ဆေးပါ။ ရှလကာရည်အဖြူနဲ့ ရေကိုဆတူရောပြီး ဆော်ဒါမှုန့် လေးဇွန်းထည့်ကာ စပရေးဖျန်းတဲ့ ပုလင်းထဲထည့်ထားပါ။ အိမ်မွေးတိရစ္ဆာန်ရဲ့ အညစ်အကြေး အစွန်းအထင်းတွေ ကပ်ကျန်ရင် အဲဒီပုလင်းနဲ့ ဖျန်းပြီး ပိတ်စတစ်စနဲ့ ပွတ်တိုက်သုတ်လိုက်ပါ။

(၃) ဆပ်ပြာရည်
အိမ်မွေးတိရစ္ဆာန် မစင်နဲ့ ဆီးစက်တွေ ကင်းစင်ပြီး အနံ့အသက်ကင်းဖို့ အရေးကြီးပါတယ်။ အကြောင်းကတော့ အဲဒီအစွန်းအထင်းတွေ တဖြည်းဖြည်း လျော့ကျသွားရင်တောင် ပိုးမွှားတွေ ကျန်ရစ်ပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆပ်ပြာရည်နဲ့ သေချာစင်ကြယ်အောင် သုတ်သင်ဆေးကြောပေးပါ။

(၄) ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နှင့် ဆော်ဒါမှုန့်
အိမ်မွေးတိရစ္ဆာန်ရဲ့ အညစ်အကြေး အစွန်းအထင်းတွေကို ပိတ်စတစ်စနဲ့အုပ်ပြီး ဆော်ဒါမှုန့် လက်တစ်ဆုပ်စာ ပက်ဖျန်းလိုက်ပါ။ ပြီးရင် ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်ခွက်တစ်ဝက်နဲ့ ပန်းကန်ဆေးဆပ်ပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ရောမွှေပြီး အဲဒီပိတ်စပေါ် လောင်းချလိုက်ပါ။ အချိန် ၁၅-၂၀ မိနစ်လောက်ထားပြီး အစွန်းအထင်းကို ညင်ညင်သာသာ ပွတ်တိုက်လိုက်ပါ။ ပြီးရင် သဘာဝအတိုင်း လေသလပ်ခံထားလိုက်ပါ။

(၅) သံပရိုသီးနှင့် လိမ္မော်ခွံ
အညိုရောင် သကြား ထမင်းစားဇွန်း ခုနစ်ဇွန်း၊ သံပရိုသီးတစ်ခွက်ခွဲ၊ လိမ္မော်ခွံ (လိမ္မော်သီးတစ်လုံးစာ)နဲ့ ရေတစ်လီတာတို့ကို သန့်ရှင်းတဲ့ ဘူးတစ်ခုထဲရောထည့်ပြီး လေလုံအောင် ပိတ်ထားလိုက်ပါ။ သုံးလကြာရင် ဒါကို အိမ်တွင်း သဘာဝ သန့်စင်ဆေးရည်အဖြစ် သုံးနိုင်ပါပြီ။ အိမ်မွေးတိရစ္ဆာန်လေးတွေက အိမ်ကြမ်းပြင်နဲ့ မျက်နှာပြင်တွေကို လျှာနဲ့ ရက်တတ်တဲ့အတွက် ဒီဆေးရည်သုံးမယ် ဆိုရင် အဆိပ်အတောက် မဖြစ်စေဖို့ သတိတော့ ထားသင့်ပါတယ်။
Ref; ZN

Most Popular

Healthy Life Ad
To Top