Healthy Life Ad
Health Tips

ငိုကြွေးခြင်းက စိတ်၏ ထွက်ပေါက်

လရိပ်မေ
လူတွေက အခြေအနေအမျိုးမျိုးကြောင့် ငိုကြပါတယ်။ တချို့လူတွေက ဝမ်းနည်းဖွယ်ရာ ရုပ်ရှင်ဇာတ်ဝင်ခန်း၊ ဝတ္ထုစတာတွေဖတ်ပြီး ငိုကြွေးတတ်ကြပါတယ်။ ငိုကြွေးတာကို လေ့လာလိုက်တဲ့အခါ မျက်ရည်ကျတာထက်ပိုပြီး ကောင်းတဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေတယ်လို့ စိတ်ပညာရှင်က ဆိုပါတယ်။

ငိုတာက ဆက်သွယ်ရေးရဲ့ အကောင်းဆုံး သင်္ကေတ တစ်ခုဖြစ်တယ်
မွေးကင်းစကလေးတွေဟာ ဗိုက်ဆာတဲ့အခါ၊ ရေဆာတဲ့အခါ၊ သေးစိုလို့ အဝတ်အစား လဲပေးစေချင်တဲ့အခါ သူတို့ကို အာရုံစိုက်တာ ခံချင်လို့ ငိုတတ်ကြပါတယ်။ လူတွေက တစ်ခါတလေ စိတ်ဖိစီးမှုနဲ့ နာကျင်မှုကို ထပ်မံ မခံစားနိုင်တဲ့အခါ မျက်ရည်ကျတတ်ပါတယ်။ ချစ်သူတွေ အကြောင်းကြောင်းကြောင့် လမ်းခွဲရတဲ့အခါ မျက်ရည်ကျတတ်ပါတယ်။ တချို့သူတွေက ကိုယ့်ကို အလေးမထားတဲ့အခါ သူတို့ရှေ့မှာ ငိုတဲ့နည်းနဲ့သူတိုရဲ့ အလေးထားဂရုစိုက်မှုကို ရယူကြပါတယ်။

ငိုတာကြောင့် စိတ်ကို နူးညံ့သွားစေတယ်
ဥပမာ ကိုယ့်အမျိုးသမီးငိုတဲ့အခါ အမျိုးသားတွေဟာ သူတိုရဲ့ စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းမှု၊ တစ်ကိုယ်ကောင်းဆန်မှုနဲ့ အလေးမထားမှုတွေ လျော့ပါးသွားပြီး နူးညံ့သွားတတ်ပါတယ်။ မငိုတတ်တဲ့သူကို နှလုံးသားမာကျောတယ်လို့လည်း မဆိုနိုင်ဘူးလို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။
ငိုတာကြောင့် မျက်စိခြောက်သွေ့တဲ့ ဝေဒနာသက်သာစေတယ်
ငိုတဲ့အခါ မျက်စိထဲမှာ မျက်ရည်တွေ စိုစွတ်သွားပြီး မျက်စိခြောက်သွေ့တဲ့ဝေဒနာ သက်သာလျော့ပါး သွားတတ်ပါတယ်။
Ref; HD

Most Popular

Healthy Life Ad
To Top